Trending Now

KIO/KIA လက်နက်ကိုင်အဖွဲ့ ဦးဆောင်ပြီး မြေရှား သတ္တုတူးဖော်နေမှု အပေါ် ဒေသခံများစိုးရိမ်နေ

Spread the love

KIO/KIA လက်နက်ကိုင်အဖွဲ့ ဦးဆောင်ပြီး မြေရှား သတ္တုတူးဖော်နေမှု အပေါ် ဒေသခံများစိုးရိမ်နေ

EPN

မံစီ၊ မတ် ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အင်ဘာပါကျေးရွာ အနီးအတွင် ယခုနှစ်အတွင်းပိုင်းက စ၍ KIO/KIA လက်နက်ကိုင် အဖွဲ့ က ဦးဆောင်ပြီး မြေရှားသတ္တု တူးဖော်နေမှု အပေါ် ဒေသခံများ စိုးရိမ်နေကြောင်း မံစီဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲ၌ KIO/KIA ထိန်းချုပ်နယ်မြေ ဖြစ်သည့် မံစီမြို့နယ် အင်ဘာပါရွာအနီးတွင် တရုတ်လောပန်များနှင့် KIO/KIA လက်နက်ကိုင် အဖွဲ့အစည်းတို့၏ မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေ မတ်လ ၂၁ ရက်နေ့မှာသွားရောက် ဖျက်ဆီးမှုများနှင့် ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း မံစီမြို့နယ်ဒေသခံတစ်ဦး ပြောသည်။

“ကျနော်တို့ မံစီမြို့နယ် အင်ဘာပါ ကျေးရွာအတွင်းမှာ KIO/KIA လက်နက်ကိုင် အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ မြေရှားတူးဖော်ရေး လုပ်ငန်းတွေ ကို စတင်လုပ်ဆောင်နေကြတယ်၊ ဒါကို ဒေသခံတွေ စုပြီးသွားရောက် ဆန္ဒပြကန့်ကွက်တာတွေ လုပ်ခဲ့တယ် နောက်ပိုင်းမှာတော့ အခုလို ဖျက်ဆီးမှု အဆင့်တွေ ရောက်လာတာဖြစ်တယ်“ ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ရှင်းပြသည်။

အဆိုပါ အင်ဘာပါကျေးရွာအတွင်း၌ မြေရှားသတ္တု မတူးရန်အတွက် မတ်လ (၂၁)ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ဒေသခံ ၉၀၀ ကျော် သွားရောက်ညှိနှိုင်းခဲ့ သော်လည်း သဘောတူညီမှု မရ၍ ညှိနိူင်းရေး ကော်မတီအဖွဲ့မှ ပြည်သူလူထုဆန္ဒ အလျောက် မြေရှားကုမ္ပဏီများ၏ တဲများအား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KIO/KIA လက်နက်ကိုင် အဖွဲ့၏ မြေရှားတူးဖော်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်ဆိုပါက ဒေသခံပြည်သူများ အနေဖြင့် နောင်နှစ်အနည်းလောက်တွင် သောက်သုံးရေများ ခက်ခဲခြင်း၊ သဘာဝသစ်တောများ ပျက်စီးခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် စားဝတ်နေရေး အခက်အခဲများ ပိုမိုတွေ့ကြုံလာမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

မံစီမြို့နယ်အတွင်းက ဒေသခံများ ပြည်သူများ အပါအဝင် ကစ်သလစ်အသင်းတော် ဘုန်းတော်ကြီး၊ ဆရာများ၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ စုပေါင်းပြီး ယခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့ကလည်း မြေရှားသတ္တုမတူးဖော်ရန် ကုမ္ပဏီများအား ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံအတွင်းမှ တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၈၇ သန်းသာ ရှိခဲ့သော်လည်း ယင်းနောက်ပိုင်း နှစ်များ၌ တရုတ်နိုင်ငံသို့ မြေရှား သတ္တုတင်ပို့မှု နူန်းများမှာ သိသိသာသာ တင်ပို့ပေးနိုင်ခဲ့ကြောင်း တရုတ်အစိုးရ အကောက်ခွန်ဌာန၏ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်အရ သိရသည်။

ပိုင်ကြီး
ဓါတ်ပုံ – အင်ဘာပါ၌ မတ်လ ၂၁ ရက်နေ့က မြေရှားသတ္တု လုပ်ကွက်များကို ဒေသခံပြည်သူများ ကန့်ကွက်ဖျက်စီးခဲ့သည့် ရုပ်သံမှ ပုံများ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။