Trending Now

ဟာပွန်သင်္ဘောဖျက်ဒုံးကျည်တွေ ဝယ်ယူဖို့ ဂရိလွှတ်တော်ကော်မတီထောက်ခံ

Spread the love

ဟာပွန်သင်္ဘောဖျက်ဒုံးကျည်တွေ ဝယ်ယူဖို့ ဂရိလွှတ်တော်ကော်မတီထောက်ခံ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂

ဂရိတပ်မတော်အတွက် ဟာပွန်သင်္ဘောဖျက်ဒုံးကျည်အစင်း ၅၀ ဝယ်ယူဖို့ ဂရိလွှတ်တော် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးဆိုင်ရာကော်မတီက ထောက်ခံလိုက်ပါတယ်။

F-16 Block 50 တိုက်လေယာဉ်တွေကို Block 52 တိုက်လေယာဉ်တွေအဖြစ် အဆင့်မြှင့်တင်ဖို့နဲ့ C130 စစ် ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စင်းကို ပြုပြင်ထိန်းသိမ်းဖို့အပါအဝင် အခုသီတင်းပတ်ထဲမှာ ကော်မတီကထောက်ခံခဲ့တဲ့ လက်နက်အမျိုးအစားအစီအစဉ် ၁၂ ခုမှာ ဟာပွန်ဒုံးကျည်ဝယ်ယူရေးလည်း ပါဝင် တယ်လို့ သိရပါတယ်။

ဟာပွန်ဒုံးကျည်တွေဝယ်ယူဖို့ ဂရိနိုင်ငံက အချိန်ကြာမြင့်စွာတောင်းဆိုထားတာကို အမေရိကန်နိုင်ငံက ထောက် ခံကြောင်း ဂရိအစိုးရပိုင် ERT သတင်းဌာနက ထုတ်လွှင့်ခဲ့ပြီးတဲ့နောက်မှာ အခုလို လွှတ်တော် စစ်လက်နက် ပစ္စည်း ဝယ်ယူရေးဆိုင်ရာကော်မတီက ထောက်ခံလိုက်တာဖြစ်ပါတယ်။

ဘိုးရင်းကုမ္ပဏီထုတ် ဒုံးကျည်တွေနဲ့ ပြင်သစ်နိုင်ငံထုတ် အက်ဆိုးဇက်ဒုံးကျည်တွေကို ဂရိနိုင်ငံရဲ့ ရာဖေးတိုက် လေယာဉ်တွေမှာတပ်ဆင်ထားလိုက်မယ်ဆိုရင် ရန်သူ့စစ်သင်္ဘောတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်မှာ ဖြစ်ကြောင်း အေသင်မြို့အခြေစိုက် ERT သတင်းဌာနက ပြောပါတယ်။

အဲဒီဒုံးကျည်တွေကို ဂရိနိုင်ငံ ဟဲလနက်လေတပ်ရဲ့ F16 တိုက်လေယာဉ်တွေမှာလည်း တပ်ဆင်သွားမှာဖြစ် ကြောင်း ဂရိသတင်းဌာနတစ်ခုဖြစ်တဲ့ New Post သတင်းဌာနကလည်း ရေးသားဖော်ပြခဲ့ပါတယ်။

ဂရိနိုင်ငံမှာ F16 ဂျက်တိုက်လေယာဉ် ၁၂၁ စင်းရှိရာ ၈၃ စင်းကို နောက်ဆုံးပေါ် V model အဖြစ် အဆင့်မြှင့် တင်ထားပြီး ကျန်တဲ့ F16 တိုက်လေယာဉ်တွေကိုတော့ F16 Block 52 အဖြစ် အဆင့်မြှင့်တင်ထားကြောင်း သိရပါတယ်။

ဒုံးကျည်တချို့ကိုတော့ လတ်တလောအဆင့်မြှင့်တင်ထားတဲ့ ဂရိရေတပ်ပိုင် P-3 Orion ပင်လယ်ပြင်စောင့် ကြည့်လေ့လာရေးလေယာဉ်နဲ့အတူ တပ်ဆင်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။

လော့ဟိမာတင်ကုမ္ပဏီက အဆင့်မြှင့်တင်ထားတဲ့ ပင်လယ်ပြင်စောင့် ကြည့်လေ့လာရေးလေယာဉ် ငါးစင်း အနက် တစ်စင်းကို ဂရိနိုင်ငံ ကို ပေးပို့ထားတယ်လို့ သိရပါတယ်။

၇၂၅ ကီလိုဂရမ် (၁၅၉၈ ပေါင်) အလေးချိန်ရှိတဲ့ ဟာပွန်ဒုံးကျည်ဟာ ကီလိုဂရမ် ၃၆၀ (၇၉၄ ပေါင်) အလေးချိန် ရှိတဲ့ ထိပ်ဖူးကိုသယ်ဆောင်နိုင်ပြီး ဒုံးကျည်ပစ်ခတ်တဲ့ယာဉ်ရဲ့အရှိန်နဲ့ အမြင့်ပေပေါ်မူတည်ပြီး ကီလိုမီတာ ၂၇၀ (၁၆၈ မိုင်) အကွာအဝေးက ပစ်မှတ်ကို ပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။

Ref: Greece Approves Harpoon Anti-Ship Missile Procurement

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။