Trending Now

ခိုးယူခံလိုက်ရသည့် အိန္ဒိယရှေးဟောင်းပစ္စည်း ၂၄၄ ခု ပြန်လည်ရရှိ

Spread the love

ခိုးယူခံလိုက်ရသည့် အိန္ဒိယရှေးဟောင်းပစ္စည်း ၂၄၄ ခု ပြန်လည်ရရှိ

EPN
နိုင်ငံတကာ၊ မေ ၂၁

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်က ခိုးယူခံလိုက်ရသည့် ရှေးဟောင်းပစ္စည်း စုစုပေါင်း ၂၄၄ ခုကို နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အိန္ဒယဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၇၅ နှစ်အတွင်း ခိုးယူခံလိုက်ရသည့် ရှေးဟောင်းပစ္စည်း ၂၄၄ ခုအနက် ၂၃၁ ခုကို လွန်ခဲ့သည့် ၉ နှစ်အတွင်း ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ဝန်ကြီး ဂျစ်ထန်ရာဆစ် က ပြောသည်။

“အခုလို ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ရရှိဖို့ လုပ်ငန်းစဉ်ကို အရှိန်အဟုန်နဲ့ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ဝန်းကြီးချုပ် မိုဒီ ကလည်း ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ ဦးစားပေးလုပ်ဆောင်နေပါတယ်။” ဟု ဝန်ကြီးက ပြောသည်။

မီဒီယာများ၏ ဖော်ပြချက်အရ အိန္ဒိယတာဝန်ရှိသူများသည် ခိုးယူခံလိုက်ရသည့် ရှေးဟောင်းပစ္စည်းများကို အိန္ဒိယနိုင်ငံသို့ ပြန်လည်ပေးအပ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများအား တရားဝင်တောင်းဆိုရန် လန်ဒန်ရှိ သံတမန်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

လွတ်လပ်ရေးမရမီ အိန္ဒိယနိုင်ငံမှ ယူဆောင်သွားခံရသည့် အကြီးမားဆုံး ရှေးဟောင်းပစ္စည်းများထဲမှတစ်ခုမှာ အလေးချိန် ၁၀၅.၆ ကာရက်ရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးဖြတ်ထားသော စိန်များထဲမှ တစ်ခုဖြစ်သည့် ကိုဟီနော စိန်ဖြစ်သည်။

အိန္ဒိယက အခိုင်အမာဆိုထားသည့် အငြင်းပွားဖွယ် ကိုလိုနီခေတ် ကိုဟီနော စိန်ကို ယခုလနှောင်းပိုင်းတွင် ဖွင့်လှစ်မည့် လန်ဒန်မျှော်စင်တွင် ဗြိတိန်၏ သရဖူရတနာ ပြသမှုအသစ် တစ်စိတ်တစ်ပိုင်းအဖြစ် “အောင်ပွဲ၏ သင်္ကေတ” အဖြစ် သွန်းလုပ်မည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

Ref; xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။