Trending Now

Online၊ Internet Social Network အန္တရာယ် နှင့် ဆိုးကျိုးများ (၂ )

Spread the love

Online၊ Internet Social Network အန္တရာယ် နှင့် ဆိုးကျိုးများ (၂ )

EPN
သတင်းဆောင်းပါး
ယမန်နေ့ကအဆက်
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်
ယနေ့ မြန်မာနိုင်ငံ Online၊ Internet Social Network ပေါ်တွင် နိုင်ငံနှင့်လူမှုဘဝအတွက် အပြုသဘောဆောင်သည့် အပြုအမှုများအစား မိမိကိုယ်ကျိုးအတ္တ စီးပွားအတွက် ကိုယ်အယူအဆသည်သာ အမှန်ဟုသည့် အစွဲများကိုရှေ့တန်းတင်ကာ အပြုအမူမဲ့ ရေးသားမှုဖေါ်ပြမှုများကြောင့် ငါးနှစ်ကျော်ကာလအတွင်း နယ်ပယ်တိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ပါတီစွဲ၊ ဝါဒစွဲ၊ ယုံကြည်မှု စသည့် အစွန်းရောက်မှု ပြဿ နာပေါင်းစုံကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ရသည်။ ထိုအချင်းအရာသည် ဟန်းဖုန်းများပေါ်လာပြီးနောက် နိုင်ငံနှင့်လူမှုဘဝအတွက် အသိပညာမဲ့ကြောင်းကို နိုင်ငံတကာတွင် ဖွင့်ဟဝန်ခံသကဲ့သို့ အရှက်ရစရာဖြစ်ပေသည်။
အင်အားကြီးနိုင်ငံတစ်ခု၏ သံအမတ်ကြီးမှ “မြန်မာများသည်အမှား၊ အမှန်မသိ။ သူ့ဘက်၊ ကိုယ့်ဘက်ပဲ သိတယ်။” ဟု မှတ်ချက်ပေးထား သည်။ မြန်မာဆိုသည်မှာ ၁၃၅ မျိုး တိုင်းရင်းသား အားလုံး ပါဝင်သည်။
မြန်မာ့မြေမှာနေ၊ မြန်မာ့ရေကိုသောက်သည့်
မြန်မာအများစုမှာ ကိုယ့်အကြောင်းကို ဂဃနဏ မသိသော်လည်း၊ တိုင်းတစ်ပါးသားတို့သည် စနစ်တကျလေ့လာထား၍ မြန်မာများထက်ပိုသိနေကြသည်။ ထို့အပြင် မြန်မာများသည် စိတ်ခံစားမှုကို ဦးစားပေးတတ်ကြသည်။ ဦးဆောင်
သူ၏ မူဝါဒမှန်လျှင် တစ်နိုင်ငံလုံး နောက်ကလိုက်ပါလာတက်သည်ကို နိုင်ငံတကာမှ သိထား သည်။
ယိုးဒယားမင်းသားကြီး ဒမ်ဘရောင်းရေးပြီး
ဗိုလ်မှူးဘရှင် ဘာသာပြန်ထားသည့် ” ယိုးဒယား – မြန်မာစစ်ပွဲ ‘ တွင် မြန်မာများသည် တစ်ဦးတစ်ယောက် ၏ ခေါင်းဆောင်မှုအောက်တွင် တစ် စည်းတစ်လုံးထဲဖြစ်သွားခဲ့လျှင် အရမ်းကြောက်စရာကောင်းကြောင်း ဖေါ်ပြထားသည်။ ယင်းစတိုက်ပွဲတွင် ယိုးဒယားတို့ အရေးနိမ့်ခဲ့သည်။
ထိုကြောင့် မြန်မာအကြောင်း ကောင်းကောင်းသိသော နိင်ငံများသည် မြန်မာတိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှု မရှိစေရန်အတွက် ပြည်ပနိုင်ငံများမှနေ၍ နည်းမျိုးစုံနှင့် စနစ်တကျ သွေးထိုးလှုံဆော်မှုများ လုပ်နေကြသည်ကို မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း မလေ့လာသူများသည် သတိမမူပဲ လစ်လျူရှု့ခဲ့ကြသည်။
မျက်မှောက်ကာလတွင် တရုတ်နိုင်ငံသည် ကွန် မြူနစ်စနစ်ကျင့်သုံးသော်လည်း အစွန်းရောက် အယူအဆများကို အချိန်မီ တားဆီးနိုင်ခဲ့သည့် အတွက် ယနေ့အထိ ရပ်တည်နိုင်ခဲ့သည်။ တချိန်က မတားဆီးနိူင်ခဲ့သော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဂေါဘာချော့ လက်ထက်တွင် ဆိုဗိယက်ပြည်ထောင်စုသည် ကမ္ဘာ့ပထမဆုံး ကွန်မြူနစ်နိုင်ငံမှ ပြိုကွဲသွားခဲ့ရသည်။
လူမျိုးရေး အစွန်းရောက်မှုများကြောင့် ဥရောပနိုင်ငံများတွင် နိုင်ငံငယ်များပြိုကွဲကာ ပြည်တွင်း မငြိမ်သက်မှုများကို ရင်ဆိုင်နေရသည်။ ဘာသာရေးဘက်တွင်လည်း အစွန်းရောက်များသည် အ ကြမ်းဖက်မှုကို လုပ်ဆောင်ကြသည်။ ဘာသာ တရားအားလုံးသည် မေတ္တာတရားကို အခြေခံသော်လည်း ကိုးကွယ်ယုံကြည်မှုအပေါ်မူတည်၍ အကြမ်းဖက်ဝါဒ ပေါ်လာသည်။အစွန်းရောက်များကြောင့် နာဇီဝါဒ၊ ဖက်ဆစ်ဝါဒနှင့် ဝါဒစုံများ ပေါ်ပေါက်လာသည်။
မည်သည့်အုပ်ချုပ်ရေးစနစ်မဆို အားနည်းချက်၊ အားသာချက်များရှိသည်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ စတုတ္ထမဏ္ဍိုင် မည်မျှပင်ကောင်းစေကာမူ လူမကောင်းလျှင် ထိုစနစ်သည် ကျဆုံးတတ်ပေသည်။ လူသာလျှင် အဓီကဖြစ်သည်။
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လွတ်လပ် ရေးရပြီးချိန်မှစ၍ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံသားများအား တစ်စည်းတစ်လုံးတည်းမရှိစေရန် နည်းမျိုးစုံဖြင့် စည်းရုံး၍ သွေးခွဲသပ်လျှို့ခဲ့ကြသည်။
ရေဒီယို တီဗွီခေတ်မှသည် လူတိုင်းဟန်းဖုန်းကိုင်နိူင်သည့် အခြေအနေတွင် Online၊ Internet Social Network များပေါ်တွင် အကောင့်အတုများ၊ ပေ့တ်အတုများနှင့် ရိုးသားသည့် မြန်မာများအား Online အွန်လိုင်း၏သားကောင်ဘဝသို့ ကျရောက်စေရန် အရိုးရှင်းဆုံးနှင့် ထိရောက်စွာ အသုံးချနိူင်ခဲ့ကြသည်။ အန္တရာယ်အများဆုံးနှင့် လုံခြုံမှုမရှိသည့် Social Network အလွန်အကျွံ သုံးစွဲသူများသည် ဆင်ခြင်တုံတ ရားနည်းပါးမှု၊ လိုက်မမီနိူင်သည့် နည်းပညာမကျွမ်းကျင်မှု နည်းပါးမှု၊ သူတစ်ပါး၏လှည့်ဖျားမှု၊ မြူဆွယ်စည်းရုံးမှု၊ ငွေကြေးဖြင့်သိမ်းသွင်းမှု၊ မြှောက်ပင့်စည်းရုံးမှု၊ အတင်းအကျပ်ခြိမ်းခြောက်ခံရမှုများကြောင့် အွန်လိုင်းမှတဆင့် လူအချင်းချင်း အစွန်းရောက် အာဏာရှင်များ၏ သားကောင်ဘဝသို့ ကျရောက်ခဲ့ရသည်။
မိုးမြင့်မောင်
အပိုင်း ၁ ဖတ်ရှုနိုင်ရန် >>> https://www.facebook.com/100791942286161/posts/203219978710023/

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။