Trending Now

ရုရှားက ပိုင်နက်အတွင်း လျှို့ဝှက်ကင်းထောက်လေယာဉ် ပျံသန်းခြင်းမပြုရန် ဗြိတိန်ကို သတိပေး

Spread the love

ရုရှားက ပိုင်နက်အတွင်း လျှို့ဝှက်ကင်းထောက်လေယာဉ် ပျံသန်းခြင်းမပြုရန် ဗြိတိန်ကို သတိပေး

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၇

ရုရှားနိုင်ငံပိုင်နက်အတွင်း လျှို့ဝှက်ကင်းထောက်လေယာဉ် ပျံသန်းခြင်းမပြုရန် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗြိတိန်ကို သတိပေးထားပြီး နိုင်ငံ၏လေတပ်အားလည်း ကျူးကျော်ဝင်ရောက်မှုမှ ကာကွယ်ရန် အမိန့်ပေးထားကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ရုရှားလေပိုင်နက်အတွင်း ဗြိတိန်၏ RC-135 လျှို့ဝှက်ကင်းထောက်လေယာဉ်တစ်စီး ဝင်ရောက်ခြင်းကြောင့် ရုရှားလေတပ်၏ တိုက်လေယာဉ်တစ်စင်းက ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဒီလုပ်ရပ်ကို တမင်တကာ ရန်စမှုတစ်ခုအနေနဲ့ ကျွန်တော်တို့ ယူဆပါတယ် အခုအချိန်မှာတော့ ကျူးကျော်ဝင်ရောက်မှုတွေကို ကာကွယ်ဖို့ အမိန့်ပေးထားပြီးဖြစ်ပါတယ်။ ” ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

ရုရှား၏ သတိပေးချက်သည် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှား နှင့် အနောက်နိုင်ငံတွေကြား တင်းမာမှုတွေရှိနေသည့်ကြားက နောက်ထပ် တင်းမာသည့် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

source – ap

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။