Trending Now

တရုတ် ကို အခွန်တိုးကောက်မယ်လို့ အမေရိကန် သမ္မတ ဆို

Spread the love

တရုတ် ကို အခွန်တိုးကောက်မယ်လို့ အမေရိကန် သမ္မတ ဆို 
EPN
နိုင်ငံတကာ၊ မေ ၇
အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲတွေဟာ တိုးတက်မှု အလွန်နှေးနေပြီး တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် ကောက်ခံတာကို လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ 
ကုန်သွယ်ရေးညှိနှိုင်းမှုတွေ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး အလွန်စိတ်ပျက်မိကြောင်း Twitter လူမှုကွန်ယက် မှာ သမ္မတ ထရမ့်က ရေးသားခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်တွေအပေါ် လက်ရှိ ၁၀ ရာခိုင်နှုန်း ကောက်ခံရာကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံဖို့ စီစဉ်ထားကြောင်း ရေးသားခဲ့ပါတယ်။ 
အခွန်ကောက်ခံခြင်းမရှိသေးတဲ့ အမေရိကန်ဒေါ်လာ ၃၂၅ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းတွေကိုလည်း မကြာခင်မှာ အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ကြောင်းလည်း Twitter မှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ရေးသားဖော်ပြထားခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေကိုဖြေရှင်းဖို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အခွန်တိုးမြှင့်ကောက်ခံရေးအစီအစဉ်ကို အမေရိကန်က ယာယီ ရွှေ့ဆိုင်းခဲ့ပါတယ်။ 
အမေရိကန်နဲ့ တရုတ်တို့ဟာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွေကို ဝါရှင်တန်မှာ ဗုဒ္ဓဟူးနေ့ကျရင် စတင်ကျင်းပဖို့ စီစဉ်ထားပါတယ်။ သမ္မတ ထရမ့်ရဲ့လုပ်ဆောင်မှုဟာ သဘောတူညီမှုရဖို့အတွက် ဆွေးနွေးပွဲမစတင်ခင်မှာ တရုတ်အပေါ် ဖိအားပေးတဲ့ လုပ်ဆောင်မှု တစ်ခုဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
————————————————-

EPN




 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။