Trending Now

မုံရွာ – မန္တလေး ကားလမ်းပေါ် မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ (၃) ဦး ဒဏ်ရာအပြင်းအထန် ရရှိ

Spread the love

မုံရွာ – မန္တလေး ကားလမ်းပေါ် မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ (၃) ဦး ဒဏ်ရာအပြင်းအထန် ရရှိ

EPN
မုံရွာ ၊ ဇွန် ၂၉

ချောင်းဦးမြို့နယ် ၊ မုံရွာ – မန္တလေး ကားလမ်းတွင် ဇွန်လ (၂၇) ရက် ညနေပိုင်းက မိုင်း ပေါက်ကွဲမှုကြောင့် လမ်းအသုံးပြုသူ ပြည်သူ (၃)ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် မုံရွာ – မန္တလေး ကားလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုင်းစထိမှန်မှုကြောင့် မုံရွာမြို့မှ အမျိုး သား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ ချောင်းဦးမြို့မှ အမျိုးသား (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဖြစ်တာက မုံရွာ – မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၇၀) မိုင် (၁) ဖာလုံနဲ့ (၂) ဖာလုံကြားမှာ ထောင်ထားတဲ့မိုင်းကိုနင်းမိရာကနေ ပေါက်ကွဲခဲ့တဲ့အတွက် ဆိုင်ကယ်နှစ်စီးပေါ်က လူတွေမိုင်းစထိမှန်သွားတာ နှစ်ယောက်က မုံရွာက တစ်ယောက်ကတော့ ချောင်းဦးက” ဟု တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် မုံရွာမြို့နေ မောင်ဖိုးချဲ့(၁၇)နှစ်တွင် ဝဲပေါင်မိုင်းစထိမှန်အရိုးကျိုးဒဏ်ရာ (၂)ချက်၊ ဝဲဒူးပွန်းပဲ့ဒဏ်ရာ (၁) ချက်နှင့် မဝင်းဝင်းခိုင်(၁၇)နှစ်တွင် ဝဲတင်ပါးမိုင်းစထိမှန် ဒဏ်ရာ (၁)ချက်၊ ဦးခေါင်းနောက်စေ့ မိုင်းစထိမှန် ဒဏ်ရာ (၁) ချက်၊ ဝဲပေါင်ရိုးကျိုးဒဏ်ရာ (၁) ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ချောင်းဦးမြို့၊ ချောင်းဦးမြောက်ရပ်ကွက်နေ ဒေါ်ခင်ငြိမ်းမြတ်(၂၉)နှစ်တွင် ယာလက်ဖျံမိုင်းစထိမှန် ဒဏ်ရာ (၁) ချက်၊ ယာခြေ သလုံးမိုင်းစထိမှန်ဒဏ်ရာ (၁) ချက် ရရှိခဲ့သည့်အတွက် လက်ရှိတွင် ချောင်းဦး ပြည်သူ့ဆေးရုံတွင် ကုသပေးနေပြီး မိုင်းထောင်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။