Trending Now

တနိုင်းမြို့တွင် နာဂနှစ်ခြင်းခရစ်ယာန်လူငယ်များမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအတွက် သစ်ပင်စိုက်ခြင်းပြုလုပ်

Spread the love

တနိုင်းမြို့တွင် နာဂနှစ်ခြင်းခရစ်ယာန်လူငယ်များမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအတွက် သစ်ပင်စိုက်ခြင်းပြုလုပ်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်ရှိ နာဂခရစ်ယာန်ဘုရားကျောင်းဆင်းတွင် နာဂနှစ်ခြင်း ခရစ်ယာန်အသင်းတော် လူငယ်များမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအတွက် သစ်ပင်စိုက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနိုင်းခရိုင်၊ တနိုင်းဒေသများတွင် အများအားဖြင့် ရွှေတူးဖော်ခြင်း၊ ပယင်းတူးဖော်ခြင်းလုပ်ငန်းများနှင့် တောင်သူ များမှ တောင်ယာခုတ်ခြင်းများရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်များ ပျက်စီးခြင်း၊ သစ်ပင်ပြုန်းတီးခြင်းများ ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့်စိတ်များ၊ သဘာဝပတ် ဝန်းကျင်ကို တန်ဖိုးထားတက်သည့်စိတ်များ ရရှိလာစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရခြင်း ဖြစ်ကြောင်း လူငယ်တစ်ဦးက ပြောသည်။

” ဒီဘက်ဒေသတွေမှာက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတာ အရမ်းနည်းတယ်။ ရွှေတွေ၊ ပယင်းတွေတူးကြ တာများတော့ သစ်ပင်တွေပျက်စီးရတယ်။ ပြီးတော့ ဒီဘက်ကတောင်သူတွေများတော့ တောင်ယာခုတ်ရင် သစ်ပင်တွေက ပျက်စီးရတာပဲ။ အဲ့လိုပျက်စီးလာတော့ ရာသီဥတုက ဖောက်ပြန်ပြီး ပြည်သူတွေ ကျန်းမာရေးအခက်အခဲတွေ ကြုံကြရတယ်။ ဒါကြောင့် တနိုင်းဒေသဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ ဒေသမဖြစ်စေချင်တဲ့ စိတ်နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ချစ်တတ်၊ မြတ်နိုးတတ်တဲ့ စိတ်တွေရှိလာစေရန်ဆိုပြီး ရည်ရွယ်ပြီး စိုက်ပျိုးကြတာ ဖြစ်ပါတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ နာဂနှစ်ခြင်းခရစ်ယာန် အသင်းတော်လူငယ်များမှ နာဂနှစ်ခြင်းခရစ်‌ယာန် ဘုရားကျောင်းဝန်းကျင်တွင် သစ်ပင်ပေါင်း ( ၅၀၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။