Trending Now

နိုင်ငံတဝန်း မြို့နယ်အချို့တွင် တစ်ပတ်တာအတွင်း ၂၄ နာရီလုံး မီးပျက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်

Spread the love

နိုင်ငံတဝန်း မြို့နယ်အချို့တွင် တစ်ပတ်တာအတွင်း ၂၄ နာရီလုံး မီးပျက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်

EPN

မြစ်ကြီးနား ၊ မတ် ၇

နိုင်ငံတစ်ဝန်း အချို့ မြို့နယ်များတွင် လာမယ့် ၁၂ ရက်နေ့မှ စတင်ကာ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း ၂၄ နာရီလုံး မီးပျက်မှာဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီလိုမီးပျက်ရတာဟာ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှာရှိတဲ့ တွင်းအသစ်ကနေ သဘာဝဓာတ်ငွေ့ ပိုက်လိုက်သစ် ချိတ်ဆက်မှာဖြစ်တဲ့အတွက် ဓာတ်အားထုတ်လုပ်မှု လျော့ပြီး ဝန်အားထိန်းညှိမှုအရ အချို့နေရာတွေမှာ ၂၄ နာရီ မီးပျက်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ LNG ဓာတ်အားပေးစက်ရုံတွေအနေနဲ့ LNG ဈေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်ဘဲရပ်တန့်ထားရသလို ၊ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံက ထွက်ရှိတဲ့ဓာတ်အားမှာလည်း ဓာတ်အားလိုင်းတွေဖောက်ခွဲခံထားရလို့ ပြင်ဆင်ဖို့ ကြိုးပမ်းနေတယ်လို့ဖော်ပြထားပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။