Trending Now
“အစိုးရခွင့်​ပြု မည်ဆိုပါက ​ကျောက်​စိမ်းတုံးထပ် မံ စိုက်​ထူရန်​အဆင်​သင့်​ရှိ​နေ​ကြောင်း”​ဒေါက်​တာဘွန်​ယွန်​​ပြော
Spread the love
“အစိုးရခွင့်​ပြု မည်ဆိုပါက ​ကျောက်​စိမ်းတုံးထပ် မံ စိုက်​ထူရန်​အဆင်​သင့်​ရှိ​နေ​ကြောင်း”​ဒေါက်​တာဘွန်​ယွန်​​ပြော
EPN
လွမ်း​အောင်
“အစိုးရခွင့်ပြု မည်ဆိုပါက ကျာက်စိမ်းတုံးထမ်မံ စိုက်ထူရန်အဆင်သင့်ရှိနေကြောင်း”ဒေါက်တာဘွန်ယွန်ပြော
EPN
မြစ်ကြီးနား၊ဖေဖော်ဝါရီ ၁၄
အစိုးရမှ ခွင့်ပြုမည်ဆိုပါက မြစ်ကြီးနားမြို့တွင် ကျောက်စိမ်းတုံးများဖြင့်ထပ်မံ စိုက်ထူအလှဆင်သွား ရန် အဆင်သင့်ရှိနေကြောင်း မြန်မာ့ကျောက်စိမ်းရတနာ အလှူ ရှင် ဘန်လွန်ဒူဝါဒေါက်တာ ဘွန်ယွန်ကဆိုလိုက်သည်။
ဘန်လွန်ဒူဝါ ဒေါက်တာဘွန်ယွန်မှ မြစ်ကြီးနားမြို့ ရှိဆမားလမ်းဆုံတွင် စိုက်ထူလှူ ဒါန်းခဲ့သော မြန်မာ့ကျောက်စိမ်းရတနာ စိုက်ထူဖွင့်ပွဲ အခမ်းအနားကို (ဖေဖေါ်ဝါရီ ၁၂)ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနား၌ “အစိုးရခွင့်ပြုမည်ဆိုပါက ကျောက်စိမ်းတုံးထပ်မံစိုက်ထူရန် အဆင်သင့်ရှိနေကြောင်း”ဘန်လွန်ဒူဝါ ဒေါက်တာ ဘွန်ယွန်ကပြောဆိုခဲ့သည်။
“နိုင်ငံတော်အစိုးရကနေခွင့်ပြု့မယ်ဆိုရင်။သူတို့လုပ်မယ်ဆိုရင် တော့ ဒါလုပ်ဖို့အဆင်သင့်ပါဘဲ။ကျွန်တော်တို့ဒေသကနေထွက်တဲ့ ကျောက်စိမ်းကို ကျွန်တော်တို့်မြို့ရဲ့ အထင်ကရနေရာတွေမှာ စိုက်ထူသွားဖို့ဖြစ်ပါတယ်”ဟု ဘန်လွန်ဒူဝါ ဒေါက်တာဘွန်ယွန်ကပြောသည်။
အစိုးရ၏ ခွင့်ပြုချက်ရလျှင် ၎င်းအနေဖြင့် ကချင်ပြည်နယ်အဝင် စစ်ကိုင်းတိုင်းအထွက်မြို့ဖြစ်သည့် နန့်စီအောင်နှင့် မြစ်ကြီးနားမြို့၏ အလယ်ဗဟိုကျသောနေရာဖြစ်သည့် ရထားဘိုတာ အနီးတွင်စိုက်ထူးပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
မြန်မာ့ ကျောက်စိမ်းရတနာအလှူ ရှင် ဒေါက်တာ ဘွမ်ယွန်အနေဖြင့် ၇၁နှစ်မြောက်ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြု သည့်အနေဖြင့် ယခုနှစ်(ဇန်နဝါရီလ ၁၆)ရက်နေ့တွင်မြစ်ကြီးနားလေဆိပ်၌ငွေကျပ်သိန်းပေါင်းနှစ်ထောင်ကျော် တန်ဖိုးရှိ ကျောက်စိမ်းတုံးတစ်တုံးစိုက်ထူလှူ ဒါန်းထားရှိခဲ့သည့်အပြင် ကချင်ပြည်နယ်လွှတ်တော်၌ကျောက်းစိမ်းတုံး ရှစ်တုံး၊မြစ်ကြီးနားတက္ကသိုလ်၌တစ်တုံး တို့ကိုလည်း၎င်းမှ စိုက်ထူလှူ ဒါန်းထားကြောင်းသိရသည်။
လွမ်းအောင်
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။