Trending Now

ရိုက်တာသတင်းထောက်များ ဖြစ်ကြသည့် ဝလုံးနှင့် ကျော်စိုးဦး တို့ နှစ်ဦးအား ပြန်လွတ်ပေးတာကို ဗြိတိန် ကြိုဆို

Spread the love

ရိုက်တာသတင်းထောက်များ ဖြစ်ကြသည့် ဝလုံးနှင့် ကျော်စိုးဦး တို့ နှစ်ဦးအား ပြန်လွတ်ပေးတာကို ဗြိတိန် ကြိုဆို
EPN
နိုင်ငံတကာ၊ မေ ၇
ရိုက်တာသတင်းထောက်များဖြစ်ကြသည့် ဝလုံး နှင့် ကျော်စိုးဦး တို့နှစ်ဦးအား မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းအပေါ် ဝမ်းမြောက်မိပါကြောင်း ဗြိတိသျှသံအမတ်ကြီး ဒန်ချက်က ပြောဆိုလိုက်သည်။ 
တရားဝင်လုပ်ထုံးလုပ်နည်းများကို လိုက်နာမှု မရှိဘဲ “အပြစ်ရှိကြောင်း သက်သေမပြနိုင်ခင်အထိ အပြစ်မဲ့” သည်ဟူသော သဘောတရားကို လျစ်လျူရှုထားသည့် ယင်းအမှုတွင် အဆိုပါ သတင်းထောက်နှစ်ဦး အပြစ်ကျခံနေရခြင်း ဖြစ်ကြောင်း ဗြိတိန်သံရုံး က ဆိုသည်။ 
တရားရုံးချုပ်မှ နောက်ဆုံးဆုံးဖြတ်ချက်ချပြီး ရက်အနည်းငယ်အကြာတွင် ၎င်းတို့နှစ်ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းသည် အစောပိုင်းတရားစီရင်ရေးတွင် လိုအပ်ချက် ရှိနေသည်ကို မြန်မာအစိုးရက နားလည်သဘောပေါက်ပြီး တရားဥပဒေစိုးမိုးရေးကို အားပေးသည့် အစိုးရ၏ ကတိကဝတ်နှင် အညီ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ 
ယင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပါသည်။ လွတ်လပ်ပြီး ခိုင်မာသော မီဒီယာသည် မည်သည့် ဒီမိုကရေစီအတွက်မဆို လိုအပ်သော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ ယူကေနှင့် မြန်မာနိုင်ငံတွင် သာမက တစ်ကမ္ဘာလုးံ၏ သတင်းမီဒီယာလွတ်လပ်ခွင့် ကို ထောက်ပံ့ကူညီပေးသွားရန် ယူကေအစိုးရက ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဟု ဗြိတိန် သံအမတ်က ပြောသည်။
—————————————–


EPN





 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။