Trending Now

ဂျပန်နှင့် အိန္ဒိယတို့ ပထမဆုံး ပူးတွဲ တိုက်လေယာဉ် စစ်ရေးလေ့ကျင့်မှု စတင်

Spread the love

ဂျပန်နှင့် အိန္ဒိယတို့ ပထမဆုံး ပူးတွဲ တိုက်လေယာဉ် စစ်ရေးလေ့ကျင့်မှု စတင်
EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇
ဂျပန်နှင့် အိန္ဒိယတို့သည် ၎င်းတို့၏ ပထမဆုံးသော ပူးတွဲတိုက်လေယာဉ် စစ်ရေးလေ့ကျင့်မှုကို တိုကျိုမြို့အနီးတွင် တနင်္လာနေ့က ပြုလုပ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြထားသည်။
၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်ဂျက်တိုက်လေယာဉ် ၈ စင်းပါဝင်မည်ဖြစ်ပြီး အိန္ဒိယမှ တိုက်လေယာဉ်လေးစင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်းနှင့် ဝေဟင်ဆီဖြည့်ဆီတင်သင်္ဘောတစ်စီးတို့ ပါဝင်သွားမည်ဖြစ်သည်။
တိုကျိုအရှေ့မြောက်ဘက် အီဘာရာကီ စီရင်စုရှိ ဟိုက်ရာကူရီ လေတပ်စခန်းတွင် အိန္ဒိယလေတပ်မှ တပ်ဖွဲ့ဝင် ၁၅၀ ခန့် ပါဝင်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို နှစ်နိုင်ငံ ပူးတွဲပြုလုပ်ရန် ၂၀၁၉ ခုနှစ်က သဘောတူညီခဲ့သော်လည်း ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။
ဂျပန်နိုင်ငံသည် မကြာသေးမီလများအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများစွာကို ပြုလုပ်ခဲ့ပြီး ၎င်း၏ ကာကွယ်ရေးနှင့် လုံခြုံရေးဗျူဟာကို ပြန်လည်ပြင်ဆင်ကာ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် စိုးရိမ်မှုများကို အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။
— ကိုးကား —
AFP
Ref; Japan, India start first joint fighter jet drill

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။