Trending Now

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

Spread the love

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

EPN
မြစ်ကြီးနား၊ သြဂုတ် ၂၂

တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲ အမျိုးအစားလေးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုန်ပြန်ထားသည်။

စက်တင်ဘာ ၂၃ ရက်နေ့ကနေ အောက်တိုဘာ ၈ ရက်နေ့အထိကျင်းပပြုလုပ်သွားမည့် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားအဖြစ် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အမျိုးသား ပြိုင်ပွဲနှစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲနှစ်မျိုးတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် လေးယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ သုံးယောက်တွဲ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းလိုက်အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ၂၀၁၀ နှင့် ၂၀၁၄ အာရှအား ကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရယူနိုင်ခဲ့သော်လည်း ၂၀၁၈ ပြိုင်ပွဲတွင်မူ ရွှေ၊ ငွေဆုတံဆိပ်များနှင့် လွဲချော်ပြီး ကြေးတံဆိပ်တစ်ခုသာ ရယူနိုင်ခဲ့သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယခုနှစ်အတွင်း တတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မေလတွင် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ ဇူလိုင်တွင် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

Photo – Google

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။