Trending Now

နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် လက်နက်ခဲယမ်းဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖားကန့် ရွှေညီကိုကားဂိတ် ချိတ်ပိတ်ခံရ

Spread the love

နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် လက်နက်ခဲယမ်းဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖားကန့် ရွှေညီကိုကားဂိတ် ချိတ်ပိတ်ခံရ
EPN
မြစ်ကြီးနား၊ ဇူလိုင်လ ၁၁
ကချင်ပြည်နယ် ၊ ဖားကန့်မြို့ရှိ ရွှေညီကို ကားဂိတ် ကို ယမန့်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်က လုံခြုံရေးအဖွဲ့များမှ ချိတ်ပိတ်ခဲ့ကြောင်း ဖားကန့်မြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။
အဆိုပါ ရွှေညီကို ကားဂိတ်မှာ ဖားကန့်- မန္တလေး ပြေးဆွဲနေသည့် ကားလေးဂိတ်ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် လက်နက်ခဲယမ်းဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်နှင့် ဆက်စပ်၍ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ချိတ်ပိတ် ခံခဲ့ရခြင်းကြောင်း သိရသည်။
“ဒီရွှေညီကို ကားဂိတ်က ဇွန်လ ၂၀ ရက်နေ့က နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ လက်နက်မိခဲ့တဲ့ ကားက ဒီဂိတ်က ဟုတ်တယ်၊ အဲ့ကနေတစ်ဆင့် PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ဂိတ်ကို လာပြီး ချိတ်ပိတ်တာဖြစ်လောက်မယ် ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းကားဂိတ်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ချိတ်ပိတ်ရန် ဇူလိုင်လ (၅)ရက်နေ့က စစ်တပ်နှင့် ရဲတပ်တပ်ဖွဲ့လာရောက်ကာ ပစ္စည်းများ သိမ်းဆည်းထားရန် လာရောက်ညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုကဲ့သို့ ကားဂိတ်ချိတ်ပိတ်ခံရခြင်းမှာ ကချင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ဂိတ်မှူးမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။