Trending Now

မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများကို သိမ်းဆည်းရမိ

Spread the love

မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများကို သိမ်းဆည်းရမိ

EPN
ရန်ကုန်၊ ဧပြီ ၄ (၂၀၂၄)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများကို ယမန်နေ့ (ဧပြီ ၃ ရက်)၊ နေ့လည်ပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့၊ နေ့လည် ၃ နာရီခွဲကျော်ခန့်က မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအနီးရှိ အမှတ် (၄)လမ်မကြီး၏ မိုင်တိုင်အမှတ် ၁၁/၅ နှင့် ၁၁/၆ ကြား လမ်းဘေးတွင် ရှော့တိုက်ဒုံးများ တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

ယင်းကဲ့သို့ စစ်ဆေးရာ ဝါယာကြိုးများဖြင့် ချိတ်ဆက်ပူးတွဲကာ ဒုံးပစ်စင်တွင်အသင့်တင်ထားပြီး ဆာလာအိတ်ဖြင့်ထည့်၍ သဲအိတ် (၂)အိတ်ဖြင့် ဖိထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံး (၄)လုံးအား မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန်ပြင်ဆင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံးများကို အမှတ် (၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှတပ်ဖွဲ့ဝင်များက ၁၀၇ မမ ရှော့တိုက်ဒုံးများအား သက်မဲ့ပြုလုပ်ခဲ့ကြပြီးနောက် ရှော့တိုက်ဒုံးများနှင့် ဆက်စပ်ပစ္စည်းများအား အမှတ် (၂) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်မှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။