Trending Now

နေပြည်တော်ရှိ အရေးကြီးအဆောက်အအုံများကို ဖောက်ခွဲရန် ဝင်ရောက်လာသည့် Fixed Wing (၁၅)စီးကို ပစ်ချခဲ့

Spread the love

နေပြည်တော်ရှိ အရေးကြီးအဆောက်အအုံများကို ဖောက်ခွဲရန် ဝင်ရောက်လာသည့် Fixed Wing (၁၅)စီးကို ပစ်ချခဲ့

EPN
နေပြည်တော်၊ ဧပြီ ၅ (၂၀၂၄)

နေပြည်တော်ရှိ အရေးကြီးအဆောက်အအုံများအား ဖောက်ခွဲရန် ယမန်နေ့ (ဧပြီ ၄ ရက်)၊ နံနက်ပိုငိးက ဝင်ရောက်လာသည့် Fixed Wing (၁၅)စီးကိုပစ်ချဟန့်တားခဲ့သည်ဟု နစက ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ထံမှ သိရသည်။

ယမန်နေ့၊ နံနက် ၁၀ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်နှင့် အေလာမြို့နယ်တို့အနီးမှနေ၍ နေပြည်တော်ရှိ အရေးကြီးအဆောက်အဦးများနှင့် နေရာများကိုဖောက်ခွဲဖျက်ဆီးရန် Fixed Wing များလွှတ်တင်ခဲ့ကြသည်။

ယင်းကဲ့သို့ Fixed Wing များဝင်ရောက်လာခြင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ထောက်လှမ်းသိရှိခဲ့သဖြင့် ပစ်ချဟန့်တားခဲ့ရာ Fixed Wing (၂)စီးသည် လေထဲ၌ပေါက်ကွဲပျက်စီးခဲ့ပြီး၊ အခြား Fixed Wing (၁၃)စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

ပစ်ချနိုင်ခဲ့သည့် Fixed Wing (၁၃)စီးအား လုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်း၍ စစ်ဆေးမှုများပြုလုပ်ရာ (၄)စီးတွင် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ပါရှိလာ၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြပြီး၊ ကျန်ရှိသည့် Fixed Wing များကို သိမ်းဆည်းရမိရန်နှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။