Trending Now

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ခြောက်ထောင်ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ခြောက်လုံးပြူးသေနတ် ၁ လက် ဖမ်းဆီးရမိ

Spread the love

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ခြောက်ထောင်ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ခြောက်လုံးပြူးသေနတ် ၁ လက် ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၉ (၂၀၂၄)

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်ရှိ တာကော်ကျေးရွာအနီးတွင် ငွေကျပ်သိန်း ခြောက်ထောင်ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များနှင့် ခြောက်လုံးပြူး သေနတ် ၁ လက်ကို ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း နမ့်စန်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ မျိုးသက်ကို မောင်းနှင်လာသည့် PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၅.၉၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၅၄၅ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါ၀င်သူများဖြစ်သည့် စိုင်းကောရအား နမ့်စန်မြို့အ၀င်၊ နမ့်စန်-ခိုလမ်သွား ကားလမ်းတွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၂၃ တောင့်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ မိုးသက်ကိုအား လွိုင်လင်မြို့၊ ရပ်ကွက် (၂)ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

အဆိုပါ မူးယစ်ဆေးဝါးနဲ့ပက်သက်ပြီးမျိုးသက်ကို (၃၇)နှစ်၊ စိုင်းကောရ (ခ) စိုင်းခမ်းမတ် (၂၉)နှစ်နှင့် မိုးသက်ကို (ခ) ဘိုင်ဘိုင်း (၂၆)နှစ်တို့အား နမ့်စန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။