Trending Now

ပါကစ္စတန် ကျန်းမာရေးဝန်ကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိ

Spread the love

ပါကစ္စတန် ကျန်းမာရေးဝန်ကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိ

EPN
နို်င်ငံတကာ၊ ဇူလိုင် ၆

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကူရီရှီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ရက်အနည်းငယ် အကြာတွင် ကျန်းမာရေးဝန်ကြီး ဇာဖာမီဇာတွင် အဆိုပါဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့သည်။

“ကျွန်တော့်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ ကျွန်တော် နေ အိမ်မှာ သီးသန့်ခွဲနေခဲ့ပြီး ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်နေပါတယ်။ ရောဂါလက္ခဏာက မပြင်းထန်ပါဘူး။ ကျွန်တော့်အတွက် ကျေးဇူးပြု၍ ဆုတောင်းပေးကြပါ” ဟု မီဇာက တွစ်တာ၌ ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် နေအိမ်၌ သီးသန့်ခွဲနေမည့် ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီး ကူရီရှီက ဇူလိုင်လ ၃ ရက်တွင် ကြေညာခဲ့သည်။

ပါကစ္စတန်လွှတ်တော်အမတ် အများအပြားလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး အချို့မှာ ဗိုင်းရပ်စ် ကြောင့် သေဆုံးခဲ့သည်။

ဇွန်လအတွင်း အမျိုးသားလွှတ်တော်အမတ် မူနာခန်းအိုရတ်ဇိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်လည် သက်သာပြီး ရက်အနည်းငယ်အကြာတွင် ကွယ်လွန်ခဲ့သည်။

ခိုင်ဘာပတ်ခွမ်ခွာဒေသ လွှတ်တော်အမတ်ရှစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသလို အမျိုးသားလွှတ် တော်နာယက အာဆတ်ကီဆာလည်း ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသော်လည်း ပြန်လည်ပျောက်ကင်းပြီဖြစ်သည်။
ပါကစ္စတန်နိုင်ငံတွင် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၃၁၀၀၀ မှု၊ ပိုးကင်းစင်လူနာ ၁၃၁၆၄၉ ဦးနှင့် သေဆုံးသူ ၄၇၆၂ ဦးရှိကြောင်း သိရသည်။

–ကိုးကား–
နယူးအိန္ဒိယအိတ်ပရက်စ်
Ref; After Shah Mehmood Qureshi, now Pakistan Health Minister Zafar Mirza tests COVID-19 positive


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။