Trending Now

ဖားကန့်တွင် မီးကြွင်း၊ မီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

Spread the love

ဖားကန့်တွင် မီးကြွင်း၊ မီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ မတ် ၂၂ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့ (မတ်လ ၂၁ ရက်နေ့)၊ နေ့လည် ၂ နာရီခန့်က အိမ်သုံးမီးဖို မီးကြွင်း၊ မီးကျန်များမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နေအိမ်၌ လူများခေတ္တ အပြင်သွားနေစဥ် ထမင်းဟင်းချက်ရာမီးဖို မီးကြွင်း၊ မီးကျန်များမှတစ်ဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်မိကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” မီးစလောင်တာက မီးဖိုခန်းကနေ စပြီး မီးကူးလာတာ။ သုံးသပ်ရမယ်ဆို ထမင်းဟင်းချက်ပြီး ကျန်းခဲ့တဲ့ မီးကနေ လောင်တယ်ထင်တယ်။ အိမ်ကလည်း မီးလောင်အားကောင်းတဲ့ နံရံကပ် ချပ်ပြားတွေဆိုတော့ တစ်အိမ်လုံး မီးချက်ချင်းလောင်သွားတယ်။ ရပ်ကွက်က ပြည်သူတွေစုပေါင်းအားနဲ့ပဲ ငြှိမ်းသတ်ခဲ့တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် နှစ်ထပ်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ ရပ်ကွက်နေပြည်သူများ၏ စုပေါင်းအားဖြင့် နာရီဝက်ကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် နွေရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးလောင်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ယင်းနေ့မှာပင် ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်လည်း မီးကြွင်း၊ မီးကျန်များမှတစ်ဆင့် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။