Trending Now

အမေရိကန် နယူးယောက်မြို့၌ ပိုလီယိုရောဂါပိုး တွေ့ရှိခဲ့၍ ကာကွယ်ဆေးထိုးရန်တိုက်တွန်း

Spread the love

အမေရိကန် နယူးယောက်မြို့၌ ပိုလီယိုရောဂါပိုး တွေ့ရှိခဲ့၍ ကာကွယ်ဆေးထိုးရန်တိုက်တွန်း

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၃

အမေရိကန်နိုင်ငံ နယူယောက်မြို့က မိလ္လာနမူနာများအတွင်း ပိုလီယိုရောဂါ ဖြစ်စေသော ဗိုင်းရပ်စ် တွေ့ရှိပြီးနောက် ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူများက ပိုလီယိုကာကွယ်ဆေးမထိုးရသေးသူများကို ချက်ချင်းကာကွယ်ဆေးထိုးရန် သောကြာနေ့တွင် တိုက်တွန်းခဲ့သည်။

၂၀၁၉ ခုနှစ်ကတည်းက နယူးယောက်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံမှု ကျဆင်းလာခဲ့ပြီး ရောဂါဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေသည်ဟု ကျန်းမာရေးအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

ကူးစက်မှု ကွင်းဆက်သည် မည်သည့်နေရာတွင် စတင်ခဲ့သည်ကို မသိရသေးသော်လည်း မိလ္လာနမူနာများက နယူးယောက်စီးတီး မြို့တော်ဧရိယာတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု ရှိနေကြောင်း ညွှန်ပြနေသည်ဟု ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။

နယူးယောက်မြို့ အနီးနားရှိ ခရိုင်တစ်ခုတွင် ရောဂါပိုးတွေ့ရှိပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် နယူးယောက်မြို့၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ စစ်ဆေး တွေ့ရှိချက်အရ ရောဂါပိုးသည် ဒေသတွင်း၌ ပျံနှံ့မှုဖြစ်စေနိုင်သည်ဟု ဆိုသည်။

နယူးယောက်မြို့ မြောက်ဘက်ရှိ ခရိုင်များမှ မိလ္လာနမူနာများတွင် ပြီးခဲ့သည့်လတွင် ပိုလီယိုရောဂါ ရှိနေကြောင်း စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အမေရိကန်တွင် ပိုလီယို ကူးစက်မှု တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ကျန်းမာရေးကော်မရှင်က ရောဂါပိုးထိမ်းချုပ်နိုင်ဖို့အတွက် အရေးတကြီး တုံ့ပြန်ဆောင်ရွက်လျက်ရှိသလို ရောဂါပိုးဖြစ်ပွားမှုများကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ရောဂါ ပျံ့နှံ့မှုကို အပြင်းအထန် စုံစမ်းနေကြသည်။

ပိုလီယိုသည် အချို့သောအခြေအနေများတွင် လက်နှင့်ခြေထောက်များအား အမြဲတမ်းသွက်ချာပါဒဖြစ်ကာ သေဆုံးသည်အထိပြင်းထန်သည်။

Source – CNBC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။