Trending Now

သရုပ်ဆောင် ချစ်သူဝေနှင့် ဖခင်ဖြစ်သူ ဦးဇော်ဝင်းကို အမျိုးသားရေးရှေ့နေကြီး ဦးအေးပိုင်က တရားစွဲဆို

Spread the love

သရုပ်ဆောင် ချစ်သူဝေနှင့် ဖခင်ဖြစ်သူ ဦးဇော်ဝင်းကို အမျိုးသားရေးရှေ့နေကြီး ဦးအေးပိုင်က တရားစွဲဆို

EPN
ရန်ကုန်၊ ဇွန် ၂၆

ပန်းချီကားရေးဆွဲရာတွင် မြန်မာနိုင်ငံသားအများဆုံးကိုးကွယ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၁ အရ ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာအဖြစ် သတ်မှတ်ထားသော ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောအကြောင်းအရာများပါဝင်သော သရုပ်ဆောင် ချစ်သုဝေနှင့် ၎င်း၏ဖခင်ဖြစ်သူ ဦးဇော်ဝင်းကို အမျိုးသားရေးရှေ့နေကြီး ဦးအေးပိုင်က တရားစွဲဆိုထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမျိုးသားရေးရှေ့နေကြီး ဦးအေးပိုင်မှ ပန်းချီကားရေးဆွဲပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌တင်ခဲ့သည့် ချစ်သုဝေအကောင့်ပိုင်ရှင်နှင့် ဦးဇော်ဝင်းတို့ကို ဇွန်လ ၂၅ ရက်နေ့၌ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး မြို့နယ်တရားသူကြီးမှ ကျင့် ၂၀၂ အရ စစ်ဆေးရန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့သို့ ချထားပေးလိုက်ကြောင်းနှင့် ဇူလိုင်လ ၉ ရက်နေ့တွင် ပထမဆုံး ရုံးချိန်းစတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မိုးထက်ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။