Trending Now

ကျော်ဟိန်းကို လက်နက်ဥပဒေဖြင့် အမှုဖွင့် အရေးယူလိုက်ပြီ

Spread the love

 

ကျော်ဟိန်းကို လက်နက်ဥပဒေဖြင့် အမှုဖွင့် အရေးယူလိုက်ပြီ

EPN
ဖားကန့်၊ ဇူလိုင် ၁၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ယမန်နေ့က ခွင့်မတောင်းဘဲ ပိန္နဲသီး တက်ခူးသူအား တူမီးသေနတ်ဖြင့် ပစ်ခဲ့သည့် ကျော်ဟိန်း ဆိုသူအား ဖားကန့်မြို့မရဲစခန်းက လက်နက် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဇူလိုင်လ ၈ ရက်နေ့က ဖားကန့်မြို့နယ်နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ အနောက်ဘက် ၄ မိုင်ခန့်ဝေးကွာသည့် ပြည်ထောင်ချောင်း တောင်ပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တူမီးသေနတ်ဖြင့် အပစ်ခံရသူမှာ နှင့် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ဂလုံကျေးရွာ နေထိုင်သူ ဦးဇော်အောင်၊ (၃၇)နှစ်ဖြစ်ပြီး လက်ရှိတွင် ဖားကန့် ပြည်သူ့ဆေးရုံမှ တဆင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှုခံယူလျှက်ရှိသည်။

တူးမီးသေနတ်ဖြင့် ပစ်ခတ်သူ ဦးကျော်ဟိန်း၊ (၄၀)နှစ်၊ (ဘ) ဦးအေးမော်၊ ခကျန်းကျေးရွာ၊ ဖားကန့်မြို့နယ် နေသူအား ဇူလိုင်လ ၁၀ ရက်နေ့တွင် ဖားကန့်မြို့မရဲစခန်းက (ပ) ၁၅၆/၂၀၂၀၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နောနော်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။