Trending Now

ရွှေမိုးတောင်ဘုရားကုန်းပေါ်တွင်အမျိုးသမီးသုံးဦးကိုမူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိပြီး ၎င်းတို့နေအိမ်တွင်သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများထပ်မံတွေ့ရှိ

Spread the love

ရွှေမိုးတောင်ဘုရားကုန်းပေါ်တွင်အမျိုးသမီးသုံးဦးကိုမူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိပြီး ၎င်းတို့နေအိမ်တွင်သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများထပ်မံတွေ့ရှိ

EPN
မြစ်ကြီးနား၊ မတ်၂၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မခေါယန်ကျေးရွာ၊ ရွှေမိုးတောင်ဘုရားကုန်းပေါ်တွင် ယမန်နေ့က အမျိုးသမီးသုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နေထိုင်ရာနေအိမ်တွင် သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနား မူးယစ်တပ်ဖွဲ့စု(၂)မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မတ်လ ၂၁ ရက် နေ့လည် ၁ နာရီခွဲခန့်တွင် ဝိုင်းမော်မြို့နယ်၊ မခေါယန်ကျေးရွာ၊ ရွှေမိုးတောင်ဘုရားကုန်းပေါ် မော်တော်ယာဉ်၊ ဆိုင်ကယ်များအပ်နှံသည့် အဆောင်တန်းလျားရှိ ထိုင်ခုံတန်းပေါ် ထိုင်နေသည့် နန်းလွမ်(ခ)မယု(ခ)နှင်းယုစိုး၊မမြနန္ဒာအောင်နှင့်မမေဇင်ထွန်းတို့(၃)ဦးအား မသင်္ကာ၍ထိန်းသိမ်းရှာဖွေမှုပြုလုပ်ခဲ့သည်။

ထိုသို့ရှာဖွေရာ နန်းလွမ်(ခ)မယု(ခ)နှင်းယုစိုး၏ပေါင်ပေါ်တွင်တင်ထားသည့် အစိမ်းရောင်ဆာလာအိတ်ထဲရှိ ရောင်စုံဆပ်ပြာခွက်များအတွင်း ပလပ်စတစ်အကြည်ဖြင့် ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါမှုန့်အလေးချိန် (၉)ဂရမ်ခန့်စီပါ (၁၁)ခွက်ပါ အထုတ်ကြီး (၂)ထုတ်၊ ပေါင်း (၂၂)ခွက်၊ စုစုပေါင်းအလေးချိန် (၁၉၈)ဂရမ်ခန့်နှင့် အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်များအတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြားဟု ယူဆရသော တံဆိပ်မပါပန်းရောင်ဆေးပြား (၁)ထုတ်လျှင်ဆေးပြား (၁၉၀)ပြားစီပါ (၁၀)ထုပ်၊ စုစုပေါင်းဆေးပြား (၁၉၀၀)ပြား၊ အလေးချိန် (၁၉၀)ဂရမ်ခန့်နှင့် oppo အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံးတို့အားရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ရှာဖွေတွေ့ရှိသည့်ပစ္စည်းများကို ဖမ်းဆီးရေးအဖွဲ့က သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီးမူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူများဖြစ်သည့် နန်းလွမ်(ခ)မယု(ခ)နှင်းယုစိုး၊ အသက်(၅၁)နှစ်၊ (ဘ)ဦးဇော်လှ၊ နယ်မြေ(၁၀)၊ တပ်ကုန်းရာဒါကောင်း(ဘီ)၊ မြစ်ကြီးနားမြို့၊ မမြနန္ဒာအောင်၊ အသက်(၃၂)နှစ်၊ (ဘ)ဦးစိုးမြင့် နှင့်မမေဇင်ထွန်း၊ အသက်(၂၈)နှစ်၊ (ဘ)ဦးတိုင်းကျော် (ပျံကျမိုးကာတဲ)ရွှေအင်းတောသဲကျောက်ကွင်း၊ မခေါယန်ကွက်သစ်ကျေးရွာ၊ ဝိုင်းမော်မြို့နယ်နေသူတို့(၃)ဦးကို မယ(ပ)၅၈/၂၀၂၀၊ မူး/စိတ် ပုဒ်မ-၁၉(က)/၂၁ ဖြင့် ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။

ဆက်လက်ပြီး နန်းလွမ်(ခ)မယု(ခ)နှင်းယုစိုးနှင့် မမေဇင်ထွန်းတို့ကို ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရာ ၎င်းတို့နှစ်ဦးအတူနေထိုင်သည့် ဝိုင်းမော်မြို့နယ်၊ မခေါယန်ကွက်သစ်ကျေးရွာ၊ ရွှေအင်းတောသဲကျောက်ကွင်းအတွင်းရှိ ပျံကျတဲတွင် မူးယစ်ဆေးဝါးများကျန်ရှိသေးကြောင်း ပြောဆိုသဖြင့် ယင်းနေ့ ညနေ ၃နာရီခွဲခန့်တွင် မူးယစ်တပ်စု (၂) မြစ်ကြီးနား၏ မူးယစ်ဆေးဝါးနေအိမ်ရှာဖွေခွင့်ဝရမ်းအမှတ်(၃၃/၂၀၂၀)ဖြင့် သွားရောက်ရှာဖွေခဲ့ကြသည်။

သွားရောက်ရှာဖွေရာ ၎င်းတို့နှစ်ဦးအိပ်သည့် အိပ်ယာခြေရင်းဘက်မှ အနီရောင်ခရီးဆောင်အိတ်အတွင်းလက်ဆွဲအိတ်အသေးဖြင့်ထုတ်ထားသည့် အပြာရောင်အိတ်အတွင်း စိတ်ကြွဆေးပြားဟု ယူဆရသော တံဆိပ်မပါ ပန်းရောင်ဆေးပြား (၁)ထုပ်လျှင်ဆေးပြား (၁၉၀)ပြားစီပါ (၁၀)ထုတ်၊ စုစုပေါင်းဆေးပြား (၁၉၀၀)ပြား၊ အလေးချိန် (၁၉၀)ဂရမ်ခန့်၊ မိုင်းခံစက္ကူဖြင့်ထုတ်ထားသည့် အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်အတွင်း စိတ်ကြွဆေးပြားဟုယူဆရသော တံဆိပ်မပါ ပန်းရောင်ဆေးပြား (၁)ထုပ်လျှင်ဆေးပြား (၁၉၀)ပြားစီပါ (၅)ထုတ်၊ စုစုပေါင်းဆေးပြား (၉၅၀)ပြား၊ အလေးချိန် (၉၅)ဂရမ်ခန့်၊ Royal D အချိုရည်ဗူးခွံအတွင်း ထည့်ထားသည့် ဘိန်းဖြူ ဟုယူဆရသည့် ဖြူ/ဝါကြားအမှုန့် အလေးချိန် (၁၂)ဂရမ်ခန့်ပါ (၁)ဗူး၊ (၁၀)ဂရမ်ခန့်ပါ (၁)ဗူး၊ ပေါင်း (၂)ဗူး၊ စုစုပေါင်းအလေးချိန် (၂၂)ဂရမ်ခန့်၊ အဖြူရောင်အဖုံးပိတ် ကော်ဗူးအတွင်း အလေးချိန် (၂.၃)ဂရမ်ခန့်ပါ (၁)ဗူး၊ အနီရောင်းအဖုံးပိတ်ကော်ဗူးအတွင်း တံဆိပ်မပါပန်းရောင်ဆေးပြား (၉၀)ပြား၊ အလေးချိန် (၉)ဂရမ်ခန့်ပါ (၁)ဗူး၊ လိမ္မော်ရောင်အဖုံးပိတ်ကော်ဗူးအတွင်း တံဆိပ်မပါပန်းရောင်စိတ်ကြွဆေးပြား (၄၂၀)ပြား၊အလေးချိန် (၄၂)ဂရမ်ခန့်ပါ (၁)ဗူးတို့ကို့ရှာဖွေတွေ့ရှိခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။

၎င်းတို့နေထိုင်ရာတွင် မူးယစ်ဆေးဝါးများရှာဖွေတွေ့ရှိသဖြင့် နန်းလွမ်(ခ)မယု(ခ)နှင်းယုစိုးနှင့် မမေဇင်ထွန်းတို့ကို ဝိုင်းမော်မြို့မရဲစခန်းမှ မယ(ပ)၅၉/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။