Trending Now

အိန္ဒိယနိုင်ငံမှာ အရက်သောက်သုံးမှုကြောင့် တစ်ရက်ထဲ လူ ၂၈ ဦးသေဆုံးခဲ့ပြီး ၆၀ ဦး နာမကျန်းဖြစ်

Spread the love

အိန္ဒိယနိုင်ငံမှာ အရက်သောက်သုံးမှုကြောင့် တစ်ရက်ထဲ လူ ၂၈ ဦးသေဆုံးခဲ့ပြီး ၆၀ ဦး နာမကျန်းဖြစ်

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ ဓါတုဆေးဝါးတွေ ပါဝင်တဲ့ အရက် သောက်သုံးမှုကြောင့် တစ်ရက်အတွင်းမှာပဲ လူ ၂၈ ဦးထက်မနည်း သေဆုံးပြီး ၆၀ ဦး နာမကျန်းဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂူဂျာရတ်ပြည်နယ် အဟ်မဒါဘတ်မြို့နဲ့ ဘိုတက်မြို့တွေမှာ သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာလို့ အကြီးတန်း အစိုးရအရာရှိ မှုကရှ်ပါမား က ပြောကြားခဲ့ပါတယ်။

အဲ့ဒီမြို့တွေဟာ အရက်ထုတ်လုပ်တာ၊ ရောင်းချတာတွေနဲ့ သောက်သုံးတာတွေကို တားမြစ်ထားတဲ့ နေရာတွေဖြစ်ပြီး အရက်ကို ပြုပြင်ပြောင်းလဲဖို့ ဘယ်လိုဓာတုပစ္စည်းကို အသုံးပြုခဲ့တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဂူဂျာရတ်ပြည်နယ် ရဲချုပ်က အရက်ရောင်းချရာမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တရားမဝင် ဖျော်စပ်ထားတဲ့ အရက်ကြောင့် သေဆုံးရတဲ့ဖြစ်စဉ်တွေဟာ အိန္ဒိယနိုင်ငံအတွင်းမှာ အဖြစ်များပြီး တရားမဝင် အရက်တွေဟာ ဈေးပေါပြီး အာနိသင် တိုးစေဖို့အတွက် ပိုးသတ်ဆေးကဲ့သို့ ဓာတုပစ္စည်းတွေ အများအပြား ပါဝင်လေ့ရှိပါတယ်။

တရားမဝင်အရက်ရောင်းချသူတွေဟာ အခွန်မပေးဆောင်ရဘဲ ဆင်းရဲသားတွေကို ဈေးပေါတဲ့ နှုန်းထားနဲ့ ထုတ်ကုန်အမြာက်အများကို ရောင်ချနိုင်တဲ့အတွက် အန္ဒိယနိုင်ငံတစ်ဝှမ်းမှာ အမြတ်အစွန်းကြီးမားတဲ့ လုပ်ငန်းတစ်ခုအဖြစ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကလည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အရက်တွေကို သောက်သုံးမိလို့ အနည်းဆုံး လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

Source – AP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။