Trending Now

ဖားကန့်မြို့တွင် မဏ္ဍပ်ခုနှစ်ခုဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ကျင်းပပြုလုပ်မည်

Spread the love

ဖားကန့်မြို့တွင် မဏ္ဍပ်ခုနှစ်ခုဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ကျင်းပပြုလုပ်မည်

EPN
ဖားကန့်၊ဧပြီ ၁၀

ဖားကန့်မြို့တွင် မကြာမီကြရောက်တော့မည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတွင် ရေကစားမဏ္ဍပ်(၆)ခု၊ဖျော်ဖြေရေးမဏ္ဍပ်(၁)ခု ပါဝင်ကျင်းပပြုလုပ်သွားမည်ဟု ဖားကန့်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။


သင်္ကြန်ပွဲတော်ကာလတွင် ဖားကန့်မြို့အနီးရှိ ရေအေးချောင်၊ကြံခတ်သဘာဝလှိုင်ဂူနှင့် ရွာဟောင်းနေရာများတွင်လည်း အများပြည်သူလာရောက်မှုများစွာရှိပြီး၊နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဖားကန့်မြို့ရှိ အသက်(၇၅)နှစ်အထက် မိဘ၊ အဘိုး၊ အဘွား (၁၅၀)ဦးခန့်အား သက်ကြီးပူဇော်ကန်တော့ပွဲများ ကျင်းပပြုလုပ်သွားမည်ဟု ၎င်းမှထပ်မံပြောကြားသည်။

ကောဇာသက္ကရာဇ်(၁၃၈၁)ခုနှစ်၊ခရစ်နှစ်(၂၀၁၉)ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့များ၊ကျေးရွာများပါမကျန် ကျင်းပပြုလုပ်မည်ဖြစ်သည်။

နောင်ရိုး
————————————————-

ဖားကန့်မြို့တွင် မဏ္ဍပ်ခုနှစ်ခုဖြင့် မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်အား ကျင်းပပြုလုပ်မည်
EPN
ဖားကန့်၊ဧပြီ ၁၀

ဖားကန့်မြို့တွင် မကြာမီကြရောက်တော့မည့် မြန်မာ့ရိုးရာအတာသြင်္ကန်ပွဲတွင် ရေကစားမဏ္ဍပ်(၆)ခု၊ဖျော်ဖြေရေးမဏ္ဍပ်(၁)ခု ပါဝင်ကျင်းပပြုလုပ်သွားမည်ဟု ဖားကန့်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

အဆိုပါမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ဗဟိုမဏ္ဍပ်ရှိမည်ဖြစ်ပြီး၊ မြို့မရပ်ကွက်တွင် ရေကစားမဏ္ဍပ်တစ်ခု၊လုံးခင်းကျေးရွာတွင် ရေကစားမဏ္ဍပ်နှစ်ခုနှင့် ဆိပ်မူကျေးရွာအုပ်စုတွင် ရေကစားမဏ္ဍပ်သုံးခု ပါဝင်မြင်ဖြစ်ကြောင်းသိရသည်။

“ဒီနှစ် ဗဟိုမဏ္ဍပ်မှာတော့ ရေကစားခြင်း မပါဝင်ဘဲ ရပ်ကွက်အသီးသီးမှ ယိမ်းအဖွဲ့များမှ လာရောက်ဖျော်ဖြေကြမှာပါ။တခြားရေကစားမဏ္ဍပ်တွေမှာတော့ အနုပညာရှင်တွေ လာရောက်ဖျော်ဖြေကြမယ်လို့ တော့ ကြားနေရပါတယ်”ဟု ဒုအုပ်ချုပ်ရေးမှူ း ဦးဖုန်ဂရိန် ကပြောသည်။

သြင်္ကန်ပွဲတော်ကာလတွင် ဖားကန့်မြို့အနီးရှိ ရေအေးချောင်၊ကြံခတ်သဘာဝလှိုင်ဂူနှင့် ရွာဟောင်းနေရာများတွင်လည်း အများပြည်သူလာရောက်မှုများစွာရှိပြီး၊နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဖားကန့်မြို့ရှိ အသက်(၇၅)နှစ်အထက် မိဘ၊ အဘိုး၊ အဘွား (၁၅၀)ဦးခန့်အား သက်ကြီးပူဇော်ကန်တော့ပွဲများ ကျင်းပပြုလုပ်သွားမည်ဟု ၎င်းမှထပ်မံပြောကြားသည်။

ကောဇာသက္ကရာဇ်(၁၃၈၁)ခုနှစ်၊ခရစ်နှစ်(၂၀၁၉)ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ မြန်မာ့ရိုးရာနှစ်သစ်ကူးသြင်္ကန်ပွဲတော်အား မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့များ၊ကျေးရွာများပါမကျန် ကျင်းပပြုလုပ်မည်ဖြစ်သည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။