Trending Now

နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်ချက်အမိန့် ရုရှားသမ္မတ ပူတင် ရုတ်သိမ်းလိုက်ပြီ

Spread the love

နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်ချက်အမိန့် ရုရှားသမ္မတ ပူတင် ရုတ်သိမ်းလိုက်ပြီ

EPN
နိုင်ငံတကာ၊ မေ ၁၂

တိုင်းပြည်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ဆက်လက်မြင့်တက် နေသော်လည်း ရုရှားသမ္မတ ဗ လာဒီမာပူတင်က နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်ချက်ကို ရုတ်သိမ်းလိုက်ပြီဖြစ်သည်။

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက်မှာ ၂၂၁၀၀၀ အထိ ရောက်ရှိလာခဲ့ပြီဟု ရုရှားအ စိုးရက မေလ ၁၁ ရက်တွင် ကြေညာခဲ့သည်။ မကြာသေးမီရက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၁၀၀၀၀ ကျော် ဖြစ်ပွားခဲ့သည်။

အတည်ပြု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက်အရ ရုရှားနိုင်ငံက ကမ္ဘာပေါ်တွင် စတုတ္ထနေရာရှိပြီး အီတလီနိုင်ငံက ပဉ္စမနေရာရှိကြောင်း အမေရိကန်နိုင်ငံမှ ဂျွန်ဟော့ကင်းတက္ကသိုလ်က ပြောသည်။

မတ်လအတွင်း ချမှတ်ခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာ အသွားအလာကန့်သတ်ချက် အစီအမံများကို မူလ စီစဉ်ထားသည့်အတိုင်း ယနေ့ ရုတ်သိမ်းမည်ဟု ယမန်နေ့က ရုပ်သံထုတ်ပြန်ချက်တစ်ခုအတွင်း ပူတင်က ကြေညာခဲ့သည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ခရီးတိုသွားလာမှု ကန့်သတ်ချက်များ၊ ကြိုတင်ကာကွယ်ရေး အစီအ မံများ အပါအဝင် ဒေသအခြေအနေများအပေါ်မူတည်၍ ကိုင်တွယ်ဖြေရှင်းမှုကို ဆုံးဖြတ်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ရုရှားနိုင်ငံတွင် ရောဂါကူးစက်မှုများ၏ ထက်ဝက်ခန့်ရှိသည့် မော်စကိုမြို့တော်တွင် ဒေသခံများက အများ ပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြုချိန်တွင် အာဏာပိုင်များ ထုတ်ပြန်ထားသည့် အီလက်ထရောနစ် ယာဉ်စီးခွင့်လက်မှတ် ယူလာရန်လိုအပ်သည်ဆိုသော ကန့်သတ်ချက်များ ဆက်လက်ထားရှိမည်ဖြစ်သည်။
အလုပ်သမား ၁ ဒသမ ၄ သန့်ခန့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြောင်း ပူတင်က ထုတ်ဖော်ပြောခဲ့သည်။
ကန့်သတ်ချက်များ ဖြေလျော့မည့် ဆောင်ရွက်ချက်မှာ တိုင်းပြည်၏စီးပွားရေး ပိုမို မဆိုးဝါးသွားစေရန် ရည်ရွယ်သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Putin lifts nationwide coronavirus lockdown


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။