Trending Now

တနိုင်းမြို့တွင် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှု များပြားလာသည့်အတွက် ပြည်သူများ စိုးရိမ်နေ

Spread the love

တနိုင်းမြို့တွင် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှု များပြားလာသည့်အတွက် ပြည်သူများ စိုးရိမ်နေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၃ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင်၊ ယခုနှစ်အတွင်း အုပ်စုဖွဲ့ခိုးဆိုး လုယက်မှုများ များပြားလာသည့်အတွက် ပြည်သူများစိုးရိမ်နေရကြောင်း သိရသည်။

တနိုင်းမြို့တွင် ရပ်ကွက်တိုင်းနီးပါး ညမိုးချုပ်ခါစ အချိန်များတွင် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ဓား၊ တုတ်များကိုင်ဆောင်က၍ ပြည်သူများထံမှ ဆိုင်ကယ်များ၊ လက်ဝတ်ရတနာများ၊ ဖုန်း အစရှိသည်တို့ကို လုယက်မှုများ များလာသည့်အတွက် သွားလာရန် လုံခြုံမှုမရှိတော့ကြောင်းကို ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

” ဒီနှစ်ပိုင်းကပိုပြီး ဆိုးလာတယ်။ ရပ်ကွက်တိုင်းမှာ အဖွဲ့လိုက်ကိုရှိတယ်။ ညအချိန်မှာဆို တစ်ယောက်ထဲ အပြင်ထွက်ဖို့ကို ကြောက်ရတယ်။ လမ်းကြားတွေမှာ ဆိုင်ကယ်တွေနဲ့စောင့်‌‌ပြီး ဓားထောက်လုယက်တာတွေ လုပ်ကြတာ။ ဆိုင်ကယ်တွေ၊ ပိုက်ဆံတွေ၊ ဖုန်းတွေယူသွားကြတာပေါ့။ ခုခံဖို့ကလည်းမလွယ်ဘူး။ လူကိုအန္တာရာယ်ပြုမဲ့ သူတွေပဲမို့ ဘာမှမလုပ်ရဲကြဘူး။ ဒါကြောင့်သွားလာနေရတာ စိတ်မလုံခြုံတော့ ဘူး ” ဟု ၎င်းကဆိုသည်။

အဆိုပါ ခိုးဆိုးလုယက်နေသူများမှာ မူးယစ်ဆေး သုံးစွဲနေကြသည့် လူငယ်လူလတ်ပိုင်း အများစုဖြစ်ပြီး၊ ရက်သတ္တပတ်အတွင်း ဓားထောက်လုယက်မှုများမှာ နှစ်ကြိမ်မှ သုံးကြိမ်ခန့်အထိ ရှိနေကြောင်း ပြည်သူများထံမှ သိရသည်။

ယင်းကဲ့သို့ ခိုးဆိုးလုယက်မှုများ ပိုမိုများလာသည့်အတွက် ပြည်သူများသွားလာရေး မလုံခြုံတော့ပဲ စိုးရိမ်ပူပန်မှုများ ရှိလာပြီး၊ မိသားစု စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရန်လည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။