Trending Now

မိုးမောက်မြို့ ထက်သူရိန်လင်း စက်သုံးဆီရောင်းဝယ်ရေးမှ ဆိုင်သို့ ဝင်လာသောကားများအား ထမင်းထုတ်များဖြန့်ဝေပေး

Spread the love

မိုးမောက်မြို့ ထက်သူရိန်လင်း စက်သုံးဆီရောင်းဝယ်ရေးမှ ဆိုင်သို့ ဝင်လာသောကားများအား ထမင်းထုတ်များဖြန့်ဝေပေး

EPN
မိုးမောက်၊ မေ ၃

မိုးမောက်မြို့၊ ခါနန်ရပ်ကွက်ရှိ ထက်သူရိန်လင်း စက်သုံးဆီ ရောင်းဝယ်ရေးမှ ဆီဆိုင်အတွင်းသို့ ဝင်လာသော ယာဥ်မောင်းနှင့်ခရီးသည်များအား ထမင်းထုတ်များ အခမဲ့ ဖြန့်ဝေပေးနေကြောင်း သိရသည်။
လှူဒါန်းရခြင်း ပတ်သက်၍ မိုးမောက်မြို့ ထက်သူရိန်လင်း ဆီဆိုင်မန်နေဂျာက ယခုကဲ့သို့ ဆိုသည်။

“မေလ ၁ ရက် မနေ့က စတင်၍ ထမင်းထုတ်များကို ဖြန့်ဝေလှူဒါန်းတယ်။ မေလ ၇ ရက်အထိ ရက်သတ္တတပတ်အကြာလှူဒါန်းပေးသွားမှာပါ၊ ဆိုင်အတွင်းဝင်လာတဲ့ကားအားလုံးနဲ့ ကားပေါ်ပါ ခရီးသည်များ အားလုံးကို လူမျိုးမ ရွေးဘာသာမရွေး လှူဒါန်းပေးနေပါတယ် ” ဟု ထက်သူရိန်လင်းဆိုင်ပိုင်ရှင် ဦးစ်ိုးဝင်းငြိမ်းက ပြောသည်။

ဆီထည့်သည် ဖြစ်စေ မထည့်သည် ဖြစ်စေ ဆီဆိုင်အတွင်းကား ဝင်လာပါက ထမင်းထုတ်များလှူဒါန်းပေး​ခဲ့ကြောင်းနှင့် မေ ၁ ရက် နေ့ နံနက် ၁၁ နာရီမှ ည ၁၁ နာရီအထိ ထမင်းထုတ်ပေါင်း ၁၂၀ ခန့်လှူဒါန်းနိုင်ခဲ့တယ်၊ အဆိုပါဆီဆိုင်မန်နေဂျာက ထပ်မံပြောသည်။

ထက်သူရိန်လင်းဆီဆိုင်(၁)သည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့တွင်ရှိ၍ ဆီဆိုင်အမှတ် (၂)သည် မိုးမောက်မြို့ ခါနန်ရပ်ကွက်၊ ဗန်းမော်-မိုးမောက်-မြစ်ကြီးနား လမ်းတွင် တည်ရှိပြီး အရည်အသွေးမှန်၊ ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်ဖြင့် ရောင်း ချလျှက်ရှိသည့်အပြင် ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရဟန်းသံဃာများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပရဟိတ အကျိုးလုပ်ငန်းများတွင် အလှူငွေများထည့်ဝင်လှူဒါန်းခြင်းများဆောင်ရွက်သော ဆီဆိုင်ဖြစ်ကြောင်း ဗန်းမော် -လွယ်ဂျယ် ဂျိမ်းဖောဧရာ ယာဥ်ငယ်လိုင်းမှ ယာဥ်မောင်းတစ်ဦးက ပြောသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။