Trending Now

ရခုိင္ျပည္နယ္ လက္ရွိျပသာနာက ခက္ခဲရွုပ္ေထြးတယ္လို႔ ရုရွားေျပာ

Spread the love

ရခုိင္ျပည္နယ္ လက္ရွိျပသာနာက ခက္ခဲရွုပ္ေထြးတယ္လို႔ ရုရွားေျပာ
EPN
ႏိုင္ငံတကာ, မတ္ ၁၀
ျမန္မာႏုိင္ငံရခုိင္ျပည္နယ္မွာျဖစ္ေနတဲ့ လက္ရွိျပသာနာေတြက ခက္ခဲ ရွုပ္ေထြးမႈေတြရွိေၾကာင္း ကုလသမဂၢဆုိင္ရာရုရွား ႏုိင္ငံအျမဲတမ္း ကိုယ္စားလွယ္ ဒီမီထရီ ပိုလီယမ္စကီး

(Dmitry Polyanskiy) က ေျပာဆုိပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ ကုလသမဂၢ လံုျခံဳေရးေကာင္စီအစည္းအေ၀းအတြင္း ရုရွားကိုယ္စားလွယ္ကေျပာဆုိသြားတာလည္းျဖစ္ပါတယ္။ ရုရွားကုိယ္စားလွယ္က ရခုိင္ျပည္နယ္ မွာျဖစ္ေနတဲ့ လက္ရွိျပသာနာေတြကို ဘဂၤလားေဒရွ္႕နဲ႔ ျမန္မာအစိုးရၾကား ႏုိင္ငံေရးနည္းလမ္း၊ သံတမန္ နည္းလမ္းေတြနဲ႔သာေျဖရွင္းႏုိင္ဖြယ္ရွီတယ္လို႔ ေျပာပါတယ္။ ကုလသမဂၢလံုျခံဳေရး ေကာင္စီနဲ႔ အင္အားၾကီးႏုိင္ငံအေနနဲ႔ ရခုိင္ျပည္နယ္ျပသာနာအတြက္ တာ၀န္ယူေသာ၊ တာ၀န္ခံေသာ၊ ထိပ္တုိက္ေတြဆံုေတြဆံုမႈေတြ ထပ္မံမျဖစ္ေစေရး အျပဳမႈမ်ိဳးေတြ နဲ႔ ေဆာင္ရြက္ေပးဖုိ႔ တိုက္တြန္းလုိေၾကာင္း ဒီမီထရီ ပိုလီယမ္စကီး ကဆုိပါတယ္။
ရခုိင္ျပည္နယ္ရွိအေျခေန ပံုမွန္အတုိင္းျပန္ျဖစ္ေစဖို႔အတြက္ ဘဂၤလားေဒရွ္႕ နဲ႔ ျမန္မာအစိုးရတာ၀န္ရွိသူေတြကို ကူညီေထာက္ပံေပးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္တယ္လို႔ ရုရွားကုိယ္စားလွယ္ကေျပာပါတယ္။ ျမန္မာႏုိင္ငံ နဲ႔ပတ္သက္လို႔ေဆြးေႏြးရာမွာ ထိပ္တုိက္ေတြဆံုေရးနည္းလမ္းကို မသံုးဘဲ ရခုိင္ျပည္နယ္မွာလူသားခ်င္းဆုိင္ရာ အကူညီေပးမႈပံုမွန္အတုိင္းျပန္ျဖစ္ေစမယ့္နည္းလမ္းမ်ိဳးေတြ ရွာေဖြသင့္ေၾကာင္း ဒီမီထရီ ပိုလီယမ္စကီးက ေျပာပါတယ္။
———————————————–
ရခိုင်ပြည်နယ် လက်ရှိပြသာနာက ခက်ခဲရှုပ်ထွေးတယ်လို့ရုရှားပြော
EPN
နိုင်ငံတကာ, မတ် ၁၀
မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာဖြစ်နေတဲ့လက်ရှိပြသာနာတွေက ခက်ခဲရှုပ်ထွေးမှုတွေရှိကြောင်း ကုလသမဂ္ဂဆိုင်ရာရုရှား နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဒီမီထရီပိုလီယမ်စကီး (Dmitry Polyanskiy) က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း ရုရှားကိုယ်စားလှယ်ကပြောဆိုသွားတာလည်းဖြစ်ပါတယ်။ရုရှားကိုယ်စားလှယ်က ရခိုင်ပြည်နယ် မှာဖြစ်နေတဲ့လက်ရှိပြသာနာတွေကို ဘင်္ဂလားဒေရှ့်နဲ့မြန်မာအစိုးရကြား နိုင်ငံရေးနည်းလမ်း၊သံတမန် နည်းလမ်းတွေနဲ့သာဖြေရှင်းနိုင်ဖွယ်ရှီတယ်လို့ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အင်အားကြီးနိုင်ငံအနေနဲ့ရခိုင်ပြည်နယ်ပြသာနာအတွက် တာဝန်ယူသော၊ တာဝန်ခံသော၊ ထိပ်တိုက်တွေဆုံတွေဆုံမှုတွေ ထပ်မံမဖြစ်စေရေးအပြုမှုမျိုးတွေ နဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုကြောင်းဒီမီထရီ ပိုလီယမ်စကီးကဆိုပါတယ်။
ရခိုင်ပြည်နယ်ရှိအခြေနေ ပုံမှန်အတိုင်းပြန်ဖြစ်စေဖို့အတွက် ဘင်္ဂလားဒေရှ့်နဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေကိုကူညီထောက်ပံပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်တယ်လို့ ရုရှားကိုယ်စားလှယ်ကပြောပါတယ်။မြန်မာနိုင်ငံ နဲ့ပတ်သက်လို့ဆွေးနွေးရာမှာထိပ်တိုက်တွေဆုံရေးနည်းလမ်းကို မသုံးဘဲ ရခိုင်ပြည်နယ်မှာလူသားချင်းဆိုင်ရာ အကူညီပေးမှုပုံမှန်အတိုင်းပြန်ဖြစ်စေမယ့်နည်းလမ်းမျိုးတွေ ရှာဖွေသင့်ကြောင်း ဒီမီထရီ ပိုလီယမ်စကီးက ပြောပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။