Trending Now

ထိုင်းနိုင်ငံအတွင်း တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေကို န.စ.က ပြန်လည်ဖိတ်ခေါ်

Spread the love

ထိုင်းနိုင်ငံအတွင်း တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေကို န.စ.က ပြန်လည်ဖိတ်ခေါ်

EPN
မြစ်ကြီးနား၊ မတ် ၁

မြန်မာနိုင်ငံထဲမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်းပြေးတိမ်းရှောင်နေရတဲ့ နိုင်ငံသားတွေကို မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်နိုင်ဖို့ န.စ.က က ဖိတ်ခေါ်လိုက်ပါတယ်။

နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ၊ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ နိုင်ငံသားတွေကို မိမိတို့ ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုပါက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးနဲ့ စစ်သံရုံးတို့ကို ဆက်သွယ်ကြဖို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အဲဒီအထဲမှာ CRPH၊ NUG လက်အောက်ခံတွေနဲ့ CDM လှုပ်ရှားမှုအတွင်း ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူတွေ မပါဝင်ဘူးလို့ န.စ.က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုပါက မြန်မာသံရုံးရဲ့ ဖုန်းနံပါတ် ၀၆၂၉၂၁၇၇၁၀နဲ့ မြန်မာစစ်သံရုံးတယ်လီဖုန်းနံပါတ် ၀၆၂၉၂၃၀၁၆၅ တို့အသုံးပြုထားတဲ့ Viber ၊ Line Apps တို့ကနေ စာရေးသားဆက်သွယ်နိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ နိုင်ငံသားတွေဟာ လုံခြုံမှုမရှိခြင်း၊ စီးပွားရေး မပြေလည်ခြင်းနဲ့ အခက်ခဲတွေရင်ဆိုင်းနေရတဲ့အတွက် န.စ.က က အခုလို ပြည်ပရောက်နိုင်ငံသားတွေကို ပြန်လည်ဖိတ်ခေါ်လိုက်တာလို့ ဆိုပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။