Trending Now

မြစ်ကြီးနားမြို့တွင် ထင်းမီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် လူနေအိမ် ငါးလုံးဆင့် မီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် ထင်းမီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် လူနေအိမ် ငါးလုံးဆင့် မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ထင်းမီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးစတင်ကူးစက်ကာ လူနေအိမ် ၅ လုံးဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ရန်ကြီးအောင်ရပ်ကွက် နယ်မြေ ၁၃ ၊မြို့ဦးကျောင်းလမ်းရှိ နေအိမ်တစ်လုံးတွင်ထရံကာ၊ မြေစိုက် မီးဖိုဆောင်အတွင်းရှိ ထင်းမီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် အနီးရှိ ထရံသို့ မီးစတင်ကူးဆက်ကာ မီးလောင်ခဲ့ကြောင်း အနီးရှိ ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

“အဲ့အိမ်မှာနေတဲ့ ဒေါ်လေးက မနက် စောစောထ ထမင်းထချက်လေ့ရှိတာ၊ ဒီနေ့က သူလဲ သတိမထားမိဘူးထင်တယ်၊ မီးက အကုန်လုံး မသေသွားဘဲနဲ့ ဘေးက ထရံကိုကူးပြီးလောင်သွားတာ၊ မီးအားက အတော်လေးပြင်းတယ်၊ ရပ်ကွက်ကလူတွေ ငြှိမ်းတာ မနိုင်ဘူး၊ မီးသတ်ကားချက်ချင်းရောက်လာမှ မီးကို သေချာငြှိမ်းနိုင်ခဲ့တာ” ဟု ၎င်းက ပြောသည်။

ယင်းမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၄ စီးဖြင့် နာရီဝက်ခန့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး ထရံကာ တစ်ထပ်အိမ် ၂ လုံး၊ သွပ်မိုး ထရံကာ နှစ်ထပ်အိမ် ၃ လုံး စုစုပေါင်းလူနေအိမ် ၅ လုံး၊ ကာလ တန်ဖိုး ကျပ် ၃၁ သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ အိမ်ငှါးရမ်းနေထိုင်သူ ဒေါ် မိငယ် ဆိုသူကို အမှတ် ၁ မြို့မ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။