Trending Now

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုကြုံတွေ့နေရ

Spread the love

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုကြုံတွေ့နေရ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အခြေအနေအထိ လေထုညစ်ညမ်းမှု ဆိုးရွားလာတာကြောင့် လူတွေကို အိမ်ကနေ အလုပ်လုပ်ဖို့နဲ့ နှာခေါင်းစည်းတွေ ဝတ်ဆင်ဖို့ ကျန်းမာရေးအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

လယ်ယာမီးရှို့မှုတွေ နဲ့ တောမီးတွေက ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလမှ ဧပြီလအတွင်း လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်သလို စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေပါတယ်။

သွားလာရေး အတွက် ကိုယ်ပိုင်ကားထက် အများသူငှာ သုံး ဘစ်ကားတွေကို အသုံးပြုဖို့ အဏာပိုင်တွေက တိုက်တွန်းထားပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်စေတဲ့ လုပ်ငန်းတွေနဲ့ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေတဲ့ အရင်းမြစ်တွေကို လျှော့ချဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် စာသင်ကျောင်းတွေကို ပိတ်ထားဖို့ မလိုအပ်သေးပေမယ့် အခြေအနေပိုဆိုးလာပါက သယ်ယူပို့ဆောင်ရေးနဲ့ ကန့်သတ်ချက်တွေကို ထည့်သွင်းစဉ်စားမယ်လို့ ဘန်းကောက်မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုပါ့စ်ကန်ကာဗင်ပေါင်က ယခုသီတင်းပတ်မှာ အခြေအနေကို စောင့်ကြည့်နေပြီး လေထုညစ်ညမ်းမှု မြင့်မားတဲ့ ပြည်နယ်တွေမှာ အရေးပေါ်စဉ်တာတွေ ဖွင့်လှစ်သွားမယ်လို့ ပြောပါတယ်။

လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်တဲ့ ကျန်းမာရေးပြဿနာ ကြုံတွေ့နေရတဲ့ လူနာ ယခင်အပတ်က ၉၆,၀၀၀ ခန့်သာ ရှိခဲ့ပေမယ့် ယခုသီတင်းပတ်မှာ ၂၁၃,၀၀၀ အထိ တိုးလာနိုင်တယ်လို့ အိုပါ့စ်ကန်ကာဗင်ပေါင် က ပြောပါတယ်။

အများစုမှာ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေအပြင် အရေပြားရောင်ရမ်းတာ နဲ့ မျက်လုံးရောင်ရမ်းတဲ့ လက္ခဏာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

— ကိုးကား —
AFP
Ref; Bangkok air pollution prompts advice to work from home

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။