Trending Now

မုံရွာ သံုးထပ်သားစက်ရုံ လုပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

မုံရွာ သံုးထပ်သားစက်ရုံ လုပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မုံရွာ၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျွဲရဲ ( တောင်) ကျေးရွာနေ သုံးထပ်သား စက်ရုံလုပ်သား တစ်ဦးဟာ ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်)၊ ညနေပိုင်းက ရုံးဆင်းလို့ နေအိမ်အပြန်လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မုံရွာ အမှတ် ၃၉ သုံးထပ်သား စက်ရုံမှာ အလုပ်သမား ဝန်ထမ်း ဦးလင်းနိုင်ဆွေ ဆိုတဲ့သူဟာ စက်ရုံကနေ ရုံးဆင်းပြီး အိမ်ကို ပြန်အလာ လမ်းမှာ ပစ်သတ်ခံရတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တစ်ဦးက ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေး အဖွဲ့နဲ နီးစပ်သူ တစ်ဦးက
” သံုးထပ်သားစက်ရုံလုပ်သား ကိုလင်းနိုင်ဆွေ အသတ်ခံရတာဖြစ်တယ်၊ သူက နိုင်ငံရေး အရောင်းအသွေး မရှိဘူး၊ မိသားစု စားဝတ်နေရေး အတွက် စက်ရုံလုပ်သား လုပ်နေတာဖြစ်တယ်၊ ကျန်တဲ့ စက်ရုံလုပ်သားတွေ အလုပ်မဆင်းရဲအောင် အကြမ်းဖက်သမားတွေက ခြောက်လှန့် သတ်ဖြတ်တာ ဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုကို မုံရွာမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေး စုံစမ်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်)၊ ညနေပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့၊ မြောက်အင်းရပ်၊ အောင်သီရိရပ်ကွက်မှာနေတဲ့ ကြက်မွေးမြူးရေး လုပ်သား ၂ ဦးဟာ ကြက်ခြံကနေ အိမ်ပြန်အလာ လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က လိုက်လံ ပစ်ခတ် သတ်ဖြတ်တဲ့အတွက် ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။