Trending Now

ချောင်းသာကမ်းခြေတွင် အရှည် ၇ ပေရှိ ဝေလငါးအသေတစ်ကောင်တွေ့ရှိ

Spread the love

ချောင်းသာကမ်းခြေတွင် အရှည် ၇ ပေရှိ ဝေလငါးအသေတစ်ကောင်တွေ့ရှိ

EPN
ပုသိမ် ၊ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊ချောင်းသာမြို့အမှတ်(၃)ရပ်ကွက် တောင်ကတုံးဘုရားအနီး ကမ်းခြေတွင် ရှားပါးငါးမျိုးစိတ်ဝင်အရှည် ၇ ပေရှိ ဝေလငါးအသေတစ်ကောင် ကမ်းတင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဝေလငါးကို ယမန်နေ့ ဇွန်လ ၂၁ ရက်ကရေလုပ်သားများက စတင်တွေ့ရှိခြင်းဖြစ်ပြီး အရှည် ၇ပေ ၈လက်မနှင့် လုံးပတ် ၃ ပေ ၉ လက်မရှိပြီး လတ်တလောသေဆုံးနေသည့်အနေအထားဖြစ်ကြောင်းသိရသည်။

“တွေ့ရတဲ့ဝေလငါးအသေက ဘာကြောင့်သေတာလဲတော့ မသိဘူး မိုးတွေ၊ လေတွေတိုက်တယ် ပြီးတော့ လှိုင်းတွေ၊ ရေတွေနဲ့ ကမ်းမှာပါးလာပြီး သောင်တင်နေတာပါ အရှည် ၇ ပေတောင်ရှိတယ်”ဟုကမ်းခြေရ ှိရေလုပ်သားတစ်ဦးကပြောသည်။

အဆိုပါ သောင်တင်သေဆုံးနေသည့်ဝေလငါးကို ငါးလုပ်ငန်းဦးစီးဌာနက လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ရန်သယ်ယူသွားကြောင်းသိရသည်။

”အမှတ်(၃)ရပ်ကွက်က တောင်ကတုံးဘုရားအနီးကမ်းခြေမှာ ကမ်းတင်သေဆုံးနေတာ ရေလုပ်သားတွေက သတင်းပေးချက်အရ သွားစစ်ဆေးခဲ့တယ် စစ်ဆေးချက်အရ တွေ့ရတဲ့ သေဆုံးဝေလငါးက အကောင်းအတိုင်းရှိနေတာတွေ့ရတယ်။ရှာပါးငါးမျိုးစိတ်ထဲက ငါးတစ်မျိုးဖြစ်လို့ နှာမျောစရာပါ။”ဟု ပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိတစ်ဦးကပြောသည်။

အဆိုပါ ကမ်းခြေတွင် ယခင်ကလည်း ဝေလငါးအသေများ လာရောက်ကမ်းတင်သေဆုံးလ့ရှိပြီး ငါးမန်း၊ဝေလငါး၊ ရေဘဝဲ၊လိပ်ကျောက်နဲ့လိပ်တို့ဟာရှားပါးငါးမျိုးနွယ် များဖြစ်ပြီး ယင်းရှားပါးငါးမျိုးကို တွေ့လျှင်ဖြစ်စေ၊ ဖမ်းမိလျှင် ဖြစ်စေ၊မသတ်ဖြတ်ရန်၊အရှင်ဖမ်းမိလျှင်လည်းပြန်လွှတ်ပေးရန် ငါးလုပ်ငန်းဦးစီးဌာနမှ ရေလုပ်သားများ၊သဘာဝ ထိန်းသိမ်းရေးပညာရှင်းများနှင့်ပူးပေါင်းပြီးဟောပြောပွဲများ၊ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ပေးလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။