Trending Now

ျမစ္ဆံုစီမံကိန္းေၾကာင့္ ေျပာင္းေရႊ႕ခဲ့ရသည့္ေဒသခံမ်ားကို ACHC/SPIC ကုုမၸဏီမွ ဆန္အိတ္မ်ားေထာက္ပံ့လွဴဒါန္း

Spread the love

[youtube=https://www.youtube.com/watch?v=VfTKA9HFoho&w=320&h=266]

ျမစ္ဆံုစီမံကိန္းေၾကာင့္ ေျပာင္းေရႊ႕ခဲ့ရသည့္ေဒသခံမ်ားကို ACHC/SPIC ကုုမၸဏီမွ ဆန္အိတ္မ်ားေထာက္ပံ့လွဴဒါန္း

EPN TV News
ျမစ္ႀကီးနား၊ ဧၿပီ ၁၀

ျမစ္ဆံုစီမံကိန္းေၾကာင့္ ေျပာင္းေရႊ႔ခဲ့ရသည့္ ေအာင္ျမင္သာစံျပေက်းရြာနွင့္ မလိယန္ေက်းရြာေနေက်းရြာ သူေက်းရြာသားမ်ားအတြက္ ACHC/SPICကုုမၸဏီမွ လူတစ္ဦးလွ်င္ ၁၅ၿပည္ႏႈန္းျဖင့္ ဧျပီလ ၉ရက္ေန႔က သြားေရာက္လွဴဒါန္းခဲ့သည္။

အဆိုပါ ဆန္အိတ္မ်ားကို သံုးလလွ်င္ တစ္ႀကိမ္သြားေရာက္လွဴဒါန္းျခင္းျဖစ္ၿပီး ယခုလွဴဒါန္းသည့္ ဆန္အိတ္တန္ဖိုးမွာ တစ္အိတ္လွ်င္ ၃၂၀၀၀ က်ပ္ျဖစ္ၿပီး စုစုေပါင္းတန္ဖိုး သိန္း၄၅၀ေက်ာ္ခန္႔ရွိေၾကာင္း (ACHC/SPIC) ကုမၸဏီ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။

ေအာင္ျမင္စံေက်းရြာနွင့္ မလိယန္ေက်းရြာမွာ ျမစ္ဆံုဆည္စီမံကိန္းေၾကာင့္ေျပာင္းေရြ႕ေနထိုင္ လာရေသာေက်းရြာမ်ားျဖစ္ၿပီး ယင္းေက်းရြာနွစ္ရြာအတြက္ ACHC/CPIကုမၸဏီမွေရ၊မီးအခမဲ့ေပးလ်က္ရိွ သည့္အျပင္ ဆန္အိတ္မ်ားကိုလည္း နွစ္စဥ္ ေထာက္ပံေပးလ်က္ရိွရာ (၉) နွစ္ရွိေနၿပီျဖစ္ေၾကာင္းACHC/SPIC ကုမၸဏီမွ ျမစ္ႀကီးနားၿမိဳ႕တာဝန္ခံ မစၥတာ ခ်န္းဟုန္းေကြ႔ထံမွ သိရသည္။

ျမစ္ဆံုစီမံကိန္းေၾကာင့္ ေျပာင္းေရႊ႕ခဲ့ရသည့္ မလိယန္ေက်းရြာႏွင့္ ေအာင္ျမင္သာစံျပေက်းရြာတို႔တြင္ စုစုေပါင္းအိမ္ေထာင္စု ၄၁၀ ေက်ာ္ေနထိုင္လ်က္ရိွေၾကာင္းသိရသည္။

—————————————————

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့်ဒေသခံများကို ACHC/SPICကုမ္ပဏီမှ ဆန်အိတ်များထောက်ပံ့လှူဒါန်း

EPN TV News
မြစ်ကြီးနား၊ ဧပြီ ၁၀

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အောင်မြင်သာစံပြကျေးရွာနှင့် မလိယန်ကျေးရွာနေကျေးရွာ သူကျေးရွာသားများအတွက် ACHC/SPICကုမ္ပဏီမှ လူတစ်ဦးလျှင် ၁၅ပြည်နှုန်းဖြင့် ဧပြီလ ၉ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။

အဆိုပါ ဆန်အိတ်များကို သုံးလလျှင် တစ်ကြိမ်သွားရောက်လှူဒါန်းခြင်းဖြစ်ပြီး ယခုလှူဒါန်းသည့် ဆန်အိတ်တန်ဖိုးမှာ တစ်အိတ်လျှင် ၃၂၀၀၀ ကျပ်ဖြစ်ပြီး စုစုပေါင်းတန်ဖိုး သိန်း၄၅၀ကျော်ခန့်ရှိကြောင်း (ACHC/SPIC) ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်မြင်စံကျေးရွာနှင့် မလိယန်ကျေးရွာမှာ မြစ်ဆုံဆည်စီမံကိန်းကြောင့်ပြောင်းရွေ့နေထိုင် လာရသောကျေးရွာများဖြစ်ပြီး ယင်းကျေးရွာနှစ်ရွာအတွက် ACHC/CPIကုမ္ပဏီမှရေ၊မီးအခမဲ့ပေးလျက်ရှိ သည့်အပြင် ဆန်အိတ်များကိုလည်း နှစ်စဉ် ထောက်ပံပေးလျက်ရှိရာ (၉) နှစ်ရှိနေပြီဖြစ်ကြောင်းACHC/SPIC ကုမ္ပဏီမှ မြစ်ကြီးနားမြို့တာဝန်ခံ မစ္စတာ ချန်းဟုန်းကွေ့ထံမှ သိရသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် မလိယန်ကျေးရွာနှင့် အောင်မြင်သာစံပြကျေးရွာတို့တွင် စုစုပေါင်းအိမ်ထောင်စု ၄၁၀ ကျော်နေထိုင်လျက်ရှိကြောင်းသိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။