Trending Now

ကမ္ဘာလုံးဆိုင်ရာနျူကလီးယားစမ်းသပ်မှုတားမြစ်ရေးသဘောတူစာချုပ်ကနေ ရုရှား နှုတ်ထွက်

Spread the love

ကမ္ဘာလုံးဆိုင်ရာနျူကလီးယားစမ်းသပ်မှုတားမြစ်ရေးသဘောတူစာချုပ်ကနေ ရုရှား နှုတ်ထွက်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၃

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘက်စုံနျူကလီးယားစမ်းသပ်မှုတားမြစ်ရေးသဘောတူစာချုပ် (CTBT)ကနေ နှုတ်ထွက်တဲ့ ဥပဒေတစ်ရပ်ကို ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ လက်ခံကျင့်သုံးခဲ့တဲ့ CTBT စာချုပ်ဟာ နျူကလီးယား စမ်းသပ်မှု အမျိုးမျိုးကို တားမြစ်ထားပြီး နျူကလီယား မပြန့်ပွားရေးနဲ့ နျူလက်နက် ယှဉ်ပြိုင်တပ်ဆင်မှုတွေကို တားဆီးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ရုရှားက အမေရိကန်နဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ အလေးပေးပြောကြားခဲ့ပြီး အမေရိကန်အနေနဲ့ နျူးကလီးယားစပ်သပ်မှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းလာမယ်ဆိုပါက လက်တုံ့ပြန်တဲ့ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အဆိုပါ (CTBT) စာချုပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလအထိ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက လက်မှတ် ရေးထိုးခဲ့ပြီး ၁၇၈ နိုင်ငံက အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ အစ္စရေး၊ အီဂျစ်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့က လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့အတွက် စာချုပ်ဟာ အသက်ဝင်ခြင်းမရှိသေးပါဘူး။

ရုရှားကတော့ ၂၀၀၀ ခုနှစ်မှာ CTBT ကိုအတည်ပြုခဲ့ပေမယ့် တင်းမာမှုတွေ မြင့်တက်နေတဲ့အတွက် အမေရိကန်နဲ့ ဟန်ချက်ညီအောင်ထိမ်းသိမ်းဖို့ လိုအပ်တယ်လို့ဆိုကာ သဘောတူညီချက်ကနေ နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။