Trending Now

အသက် ၆၀ နှစ်အရွယ်မှာ လက်တွဲဖော်နဲ့ ထိမ်းမြားလက်ထပ်လိုက်ပြီဖြစ်တဲ့ မင်းသမီး မီရှဲယို

Spread the love

အသက် ၆၀ နှစ်အရွယ်မှာ လက်တွဲဖော်နဲ့ ထိမ်းမြားလက်ထပ်လိုက်ပြီဖြစ်တဲ့ မင်းသမီး မီရှဲယို

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၉

အော်စကာဆုရှင် မင်းသမီး မီရှဲယိုဟာ သူမရဲ့ ၁၉ နှစ်ကြာ စေ့စပ်ကြောင်းလမ်းထားတဲ့ လက်တွဲဖော် ဂျင်းတော့ဒ်နဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဇာမှာ လက်ထပ်ထိမ်းမြားလိုက်ပြီလို သိရပါတယ်။

အသက် ၆၀ နှစ်အရွယ် မင်းသမီး မီရှဲယို နဲ့ ဖရာရီ စီအီးအိုဟောင်း ဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် ဂျင်းတော့ဒ်တို့ရဲ့ လက်ထပ်ပွဲကို ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အသိမိတ်ဆွေနဲ့ မိသားစုဝင်သာတွေသာ ပါဝင်တဲ့ သီးသန့်လက်ထိပ်ထိမ်းမြားပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၀၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ချစ်သူသက်တမ်း နှစ်လ မပြည့်ခင် ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက စေ့စပ်ကြောင်းလမ်းထားခဲ့ကြတာဖြစ်ပါတယ်။

မင်္ဂလာပွဲက သူတို့ စုံတွဲရဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ပရိတ်သတ်တွေက လူမှုကွန်ရက်စာမျက်နှာတွေက တစ်ဆင့် သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲအတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ်။

Ref; SCMP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။