Trending Now

ဖားကန့်မြို့နယ်တွင် ကျောက်ကျင်း နံရံမြေပြိုကျမှု ကြောင့် လူနှစ်သေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့

Spread the love

ဖားကန့်မြို့နယ်တွင် ကျောက်ကျင်း နံရံမြေပြိုကျမှု ကြောင့် လူနှစ်သေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့

EPN
မြစ်ကြီးနား၊ မေလ ၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့ (မေလ ၆ ရက်နေ့) နံနက် (၇)နာရီခန့်က နမ့်မှော်ကျေးရွာအနီးရှိ ရတနာစန်း ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုတွင် ကျောက်ရှာဖွေနေသည့် ကျင်းနံရံ မြေသားပြိုကျရာမှ ကျင်းအတွင်းရှိ ကျောက်ရှာဖွေသူ (၂)ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ကျင်းအနီးရှိ လုပ်ကွက်များမှ ကျောက်တူးဖော်ရာတွင် အသုံးပြုသည့် မိုင်းများပေါက်ကွဲမှုကြောင့် မြေသားများပြိုကျကာ ကျင်းနံရံပြိုကျခဲ့ပြီး ကျင်းအတွင်းကျောက်ရွာဖွေသူ (၂)ဦး နစ်မြုပ်သေဆုံးခဲ့ရကြောင့့် ဖားကန့်မြို့နယ်၊နမ့်မှော်ကျေးရွာနေသူတစ်ဦးကပြောသည်။

“ မနက်က လူငယ်တစ်စုက ရတနာစန်း လုပ်ကွက်ဟောင်းမှာ ကျင်းတူးပြီး ကျောက်ရှာနေကြတာ အနီးက လုပ်ကွက်တွေမှာ မိုင်းဖောက်ပြီး ကျောက်ရှာနေကြတော့ မြေသားတွေပြိုကျလာတာ ၊ အဲ့လိုနဲ့ ကျင်းနံရံတွေလဲ ပြိုသွားခဲ့တယ် အထဲက လူငယ်နှစ်ဦးတော့ ကယ်လိုမရေတော့ဘူး မြေသားတွေပိသွားတယ်၊ တစ်ဦးကထိခိုက်မိလို့ ဖားကန့်ပြည်သူဆေးရုံကြီးကို ပို့ထားတယ်၊ သေဆုံးသူတွေကိုလဲ ရှာဖွေနေဆဲဖြစ်တယ်၊ “ ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြေသားနစ်မြုပ်သေဆုံနေသည် လူနှစ်ကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကိုတော့ ဖားကန့်မြို့နယ် ပြည်သူဆေးရုံကြီးထံပို့ဆောင်ထားပြီးဖြစ်ကြောင်းသိရသည်။

အလားတူ ယမန်နေ့ (မေလ ၅ရက်နေ့)နံနက် (၆)နာရီခန့်က နမ့်မှော်ကျေးရွာအနီး ဂျိတ်ပါဝါကုမ္ပဏီလုပ်ကွက်ဟောင်း မြေစာပြိုကျကာ အောင်ရှိ ကျောက်ရှာဖွေနေသည့် လူငယ် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့် (၄)ဦးကို မြစ်ကြီးနားမြို့ပြည်သူဆေးရုံကြီးထံပို့ဆောင်ထားရကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။