Trending Now

မြစ်ကြီးနားတွင် Kachin Brothers (TTC) မှ Sweet December အထိမ်းအမှတ် Tennis ပြိုင်ပွဲကျင်းပ

Spread the love

မြစ်ကြီးနားတွင် Kachin Brothers (TTC) မှ Sweet December အထိမ်းအမှတ် Tennis ပြိုင်ပွဲကျင်းပ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂

မြစ်ကြီးနား တပ်ကုန်းရပ်ကွက်ရှိ Kachin Brothers Table Tennis Club (KBTTC) မှ ဦးစီး ဦးဆောင်ပြီး Sweet December အထိမ်းအမှတ် အနေဖြင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲကို ဒီဇင်ဘာလ ၁ ရက် နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

Sweet December အထိမ်းအမှတ် ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါ စားပွဲတင် တင်းနစ် ပြိုင်ပွဲကို လူငယ်မျိုးဆက်သစ်များနှင့် စားပွဲတင်တင်းနစ် ကစားသမားဟောင်းများကို ဖိတ်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်မှ လူငယ်တင်းနစ် ကစားသမားများ ပေါ်ပေါက်လာစေရန်၊ လူငယ်များနှင့် ကစားသမားဟောင်းများ အတူတကွ ကစားနိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း (KBTTC)မှ တာဝန်ရှိသူ ဦးလထော်နော်ဆိုင်းထံက ပြောပြသည်။

“အခုလို စားပွဲတင်တန်းနစ် ပြိုင်ပွဲကျင်းပ ပေးရတာက လူငယ်တွေရယ်၊ တင်းနစ် ကစားသမားဟောင်းတွေရယ် အတူကစားဖို့ Sweet December မှာ ပွဲတစ်ခု ပြုလုပ်ပေးရတာပါ၊ လူငယ်တွေကို မြို့နယ်၊ ပြည်နယ် တစ်ဆင့်ပြီးတစ်ဆင့် ကစားသမားကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး လုပ်ပေးတာပေါ့၊ အခု ဒီမှာလည်း ဝါသနာရှင် လူငယ်တွေအတွက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စားပွဲတင် တင်းနစ် သင်တန်းကို ဖွင့်ပေးထားတယ်”ဟု ၎င်းက ပြောသည်။

ယင်း စားပွဲတင်တန်းနစ် ပြိုင်ပွဲကို အလွတ်တန်း အသင်းလိုက် အုပ်စုပွဲစဉ်များအဖြစ် အုပ်စု (၉)အုပ်စု၊ အသင်း (၂၇)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ တစ်ဦးချင်းပြိုင်ပွဲ၌ (အသက် ၁၅ နှစ်မှ ၂၅နှစ်အတွင်း) တွင် ယှဉ်ပြိုင် ကစားသူ (၁၂)ဦး ရှိ‌ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အသင်းလိုက်ယှဉ်ပြိုင်သည့် အုပ်စုပွဲစဉ်၌ (Kachin Brothers) အဖွဲ့မှ ပထမဆုရရှိခဲ့ပြီး၊ တစ်ဦးချင်း ပြိုင်ပွဲတွင် မောင်ကျော်ဇင်ဖြိုးမှ ပထမဆုရရှိခဲ့‌ကြောင်း၊ ဆုများအနေဖြင့် အသင်းလိုက် ယှဉ်ပြိုင်ကစားမှုတွင် ပထမဆု(၁)သိန်းကျပ်၊ ဒုတိယဆု (၇) သောင်းကျပ်၊ တတိယဆု (၅) သောင်းကျပ်၊ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု (၅)သောင်းကျပ်၊ ဒုတိယဆု (၃)သောင်းကျပ်၊ တတိယဆု(၂)သောင်းကျပ်ဖြင့် အသီးသီး ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ Kachin Brothers Table Tennis Club ကို မြစ်ကြီးနား တပ်ကုန်းရပ်ကွက်တွင် နိုဝင်ဘာလမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သင်တန်းသား ၂၀ ကျော်ကို သင်တန်းပေးလျှက်ရှိကြောင်း နှင့် ယခု ဒီဇင်ဘာလအတွင်းတွင်လည်း Tennis ပြိုင်ပွဲကို ထပ်မံပြီး ကျင်းပသွားမည်ဖြစ်သည့်အတွက် ဝါသနာရှင်များ ကစားသမားများအနေဖြင့် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။