Trending Now

ယူကရိန်းမှာ သေဆုံးသူစစ်သားအရေအတွက် တိုးလာ

Spread the love

ယူကရိန်းမှာ သေဆုံးသူစစ်သားအရေအတွက် တိုးလာ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅

ပြီးခဲ့တဲ့ လပေါင်း ၂၀ က ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက်ပိုင်း နှစ်ဖက်စလုံးမှာ စစ်တပ်အဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် သေဆုံးသူအရေအတွက်ဟာ ဆက်ပြီး တိုးလာနေပါတယ်။

ရုရှားစစ်တပ်ဟာ Donetsk ဒေသက ယူကရိန်းတပ်ဖွဲ့တွေရဲ့ ခြေကုပ်စခန်း Avdiivka ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အဲဒီဧရိယာမှာ နောက်ထပ် တပ်ဖွဲ့တွေ ချထားပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပုံရပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း သေဆုံးသွားတဲ့ ဒါမှမဟုတ် တစ်သက်တာ ဒဏ်ရာရရှိသွားခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင်အရေအတွက်ဟာ ၁၅၀,၀၀၀ ကနေ ၁၉၀,၀၀၀ ကြားမှာ ရှိတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကြီးကြီးမားမား ဒဏ်ရာရခဲ့တဲ့ စစ်သားတွေထဲက တစ်ဝက်ကျော်ဟာ သူတို့ရဲ့ ခြေထောက်တွေကို ဖြတ်ခဲ့ရတယ်လို့ ရုရှားအကြီးတန်းအရာရှိတစ်ဦးက အခုလအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းဟာလည်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုကို ဆက်လက် လုပ်ဆောင်နေတဲ့အကြား စစ်သားအများအပြား ဆုံးရှုံးခဲ့ရပါတယ်။

New York Times သတင်းစာက ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ယူကရိန်းစစ်သား ၇၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဖြစ်တယ်ဆိုတဲ့ အမေရိကန်အရာရှိတွေရဲ့ ပြောဆိုချက်ကို ဩဂုတ်လမှာ ကိုးကားဖော်ပြခဲ့ပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။