Trending Now

အမေရိကန်နိုင်ငံက ဖီးနစ်တစ္ဆေဒရုန်း အစင်း ၅၈၀ ယူကရိန်းအတွက် ပိုပေးမည်

Spread the love

အမေရိကန်နိုင်ငံက ဖီးနစ်တစ္ဆေဒရုန်း အစင်း ၅၈၀ ယူကရိန်းအတွက် ပိုပေးမည်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၆

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ သန်း ၂၇၀ တန်ကြေးရှိ ဖီးနစ်တစ္ဆေ (Phoenix Ghost) အပျက်စီးခံဒရုန်း အစင်း ၅၈၀ ပိုဆောင်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဖီးနစ်တစ္ဆေ (Phoenix Ghost) ဒရုန်းကို AeroVironment ကုမ္ပဏီကထုတ်တဲ့ Switchblade ဒရုန်းနဲ့ စွမ်းရည် အတူတူပဲလို ခန့်မှန်းထားကြပေမဲ့ ဖီးနစ်တစ္ဆေဒရုန်းရဲ့ စွမ်းရည်တွေကို အကုန်ထုတ်ဖော်ပြသခြင်းမရှိသေးဘူး လို Air Force Magazine က ရေးသားထားပါတယ်။

ဒါပေမဲ့ ယူကရိန်းနိုင်ငံအရှေ့ဘက်မှာ ရုရှားတပ်တွေက ထိုးစစ်အသစ်ဆင်နွှနေတဲ့အတွက် ယူကရိန်းတပ်တွေ အတွက် တိုက်ခိုက်ရေးလိုအပ်ချက်နဲ့ အံဝင်ခွင်ကျကိုက်ညီအောင် ထုတ်လုပ်ထားပေးတာဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ်ဂျွန်ကာဘီက ဧပြီလအတွင်းက ပြောပါတယ်။

ဖီးနစ်တစ္ဆေဒရုန်းတွေနဲ့အတူ တခြားစစ်လက်နက်ပစ္စည်းတွေကိုလည်း ယူကရိန်းကိုတင်ပိုပေးဖို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ခံခဲ့ပါတယ်။

အဲဒီလိုတင်ပိုပေးမယ့်အထဲမှာ HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာ ၄ စီး၊ ကွပ်ကဲရေးယာဉ် ၄ စီး၊ ၁၀၅ မမ အမြောက်ကျည် ၃၆၀၀၀၊ တင့်ဖျက်လက်နက်တွေ၊ တခြားအပိုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ အများအပြား ပါဝင်တယ်လို ဆိုပါတယ်။

Ref: US Sending 580 Phoenix Ghost Kamikaze Drones to Ukraine

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။