Trending Now

ကချင်ပြည်နယ်မှာ ယခုလအတွင်း ကိုဗစ်အတည်ပြုလူနာ ၆၀ ကျော်ရှိလာ

Spread the love

ကချင်ပြည်နယ်မှာ ယခုလအတွင်း ကိုဗစ်အတည်ပြုလူနာ ၆၀ ကျော်ရှိလာ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၀

ကချင်ပြည်နယ်မှာ ယခုလအတွင်း ကိုဗစ်အတည်ပြုလူနာ ၆၆ ဦး ရှိလာပြီး မြစ်ကြီးနားမြို့ နှင့် မိုးညှင်းမြို့တို့က အများဆုံးဖြစ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးညှင်းမြို့တွင် ကိုဗစ်အတည်ပြု အတည်ပြုလူနာ ၂၆ ဦး၊ မြစ်ကြီးနားမြို့တွင် ၁၉ ဦး၊ ပူတာအိုမြို့တွင် ၁၃ ဦး၊ ဗန်းမော်မြို့တွင် ၅ ဦး၊ မိုးကောင်းမြို့တွင် ၃ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ကိုဗစ်အတည်ပြုလူနာ စာရင်းများထက် မြေပြင်တွင် ပိုမိုးများပြားနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက သုံးသပ်ထားသည်။

“ပူတာအိုလို နေရာမျိုးမှာတောင်မှ တစ်ရက်ထဲ ၁၀ ယောက်တွေ့တယ်ဆိုတော့ မြေပြင်မှာက ဖြစ်နေတာပိုများနိုင်တယ် ဘာလို့လဲဆို တစ်ချို့က သာမှန်တုပ်ကွေးလို့ထင်ပြီး အိမ်မှာပဲ ကုနေကြတာများတယ် အခုရက်ပိုင်ဆို တုပ်ကွေးဖြစ်တယ်ဆိုပြီး ဆေးခန်းတွေမှာ ကုသတဲ့လူတွေ များလာတယ်လေ” ဟု ၎င်းက သုံးသပ်ထားသည်။

ကချင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တွေ့ရှိခဲ့သည့် အတည်ပြုလူနာ စုစုပေါင်း နှစ်သောင်းကိုးထောင်ကျော်ရှိပြီး သေဆုံးသူ ၁၀၄၉ ဦးရှိခဲ့သည့်အနက် မြစ်ကြီးနားမြို့တွင် သေဆုံးသူ ၄၂၂ ဦးဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းသည် လုံးဝကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများဖြစ်၍ ရောဂါကူးစက်ခံရမှုနှင့် ရောဂါအခြေအနေပြင်းထန်မှုလျော့ကျစေရန်အတွက် မပျက်မကွက် ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်နေ့တွင် တိုက်တွန်းထုတ်ပြန်ထားသည်။

ဝလုံး
Photo – ပုံဟောင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။