Trending Now

ဆိပ်မူကျေးရွာရှိ စာသင်ကျောင်းတစ်ခုတွင် စာသင်နေချိန် လက်လုပ်မိုင်းဖြင့်လာရောက်ပစ်ခတ်ခံရ

Spread the love

ဆိပ်မူကျေးရွာရှိ စာသင်ကျောင်းတစ်ခုတွင် စာသင်နေချိန် လက်လုပ်မိုင်းဖြင့်လာရောက်ပစ်ခတ်ခံရ

EPN
မြစ်ကြီးနား ဇွန်လ ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရပ်ကွက် (၁)ရှိ အထက (ဆိပ်မူ) စာသင်းကျောင်းတွင် ယနေ့ ဇွန်လ (၂၄)ရက်နေ့ နေ့လည်း (၁၂)နာရီခန့်က စာသင်နေချိန် လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်ဖောက်ခွဲခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ လက်လုပ်မိုင်းမှာ အထက(ဆိပ်မူ) စာသင်းကျောင်း ဝန်းအတွင် စာကြည့်တိုက်နှင့် နှစ်ထပ်ကျောင်းဆောင်ကြား ကွန်ဂရစ် ရေမြောင်းအတွင်း ကျရောက်ပေါက်ကွဲခဲပြီး ယင်းပေါက်ကွဲမှုကြောင့် ကွန်ဂရစ်ရေမြောင် ပျက်စီးခြင်း၊ ကျောင်းစာကြည့်တိုက် ပြတင်းပေါင်ရှိ မှန် (၄)ချက် ပျက်စီးခြင်း၊ နှစ်ထပ်ကျောင်းဆောင် အောက်ထပ်ရှိစာသင်ခန်း၏ ပြတင်းပေါက်မှတ်ချက် ((၆) ချက် ပျက်စီးခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် (၂)သိန်းခန့် ပျက်စီးဆုံးရှူံးခဲ့ကြောင်းသိရသည်။

ယင်းစာသင်ကျောင်းတွင် ဆရာဆရာမ (၃၀)ခန့် ကျောင်းသားကျောင်းသူစုစုပေါင် (၁၂၀၀)ကျော် မှ ပညာသင်ကြားလျှက်ရှိကာယင်းလက်လုပ်မိုင်း လာရောက်ပစ်ဖောက်သူမှာ ကျောင်း၏ အနောက်ဘက် လမ်းကြားမှ ဆိုင်ကယ်ဖြင့် လူ(၂) ဦး လာရောက်ပစ်ဖောက်ကာ ထွတ်ပြေးသွားခဲ့ကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။

” ဆိုင်ကယ် ၁၂၅ နဲ့ လာပြီး ကျောင်းမှာ အသွားအပြန်လုပ်နေတာ အနောက်ကလူက ဆိုင်ကယ်ပေါ်ကနေပစ်သွားတာ ၊ကလေး နဲ့ ဆရာဆရာမ ထိခိုက်တာတော့ မရှိဘူးဗျ၊ ကျောင်း အုတ်နံရံတွေ ပြတင်းပေါက်မှန်တွေပဲ ပျက်စီးသွားတာ၊ “ဟု ၎င်းကပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်စဉ်များမကြာခဏဖြစ်ပွားလာနေပြီး ဇွန်လ (၂၂)ရက်နေ့ကလည်း ဖားကန့်မြို့ ရှိ ဖားကန့်အချုပ်ထောင်ဝန်းအတွက် လက်နက်ကြီး အလုံး(၂၀)ခန့် လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။