Trending Now

မြန်မာနိုင်ငံအတွင်းက အထည်ချုပ်လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ H&M ပြော

Spread the love

မြန်မာနိုင်ငံအတွင်းက အထည်ချုပ်လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ H&M ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၈

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်ကုမ္ပဏီ H&M ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ရပ်တန့်သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက အထည်ချုပ်စက်ရုံမှာ အလုပ်သမားအလွဲသုံးစား ပြုလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမှုပေါင်း ၂၀ ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် H&M ဘက်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သေချာစဉ်းစားပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ဖြည်းဖြည်းချင်းရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ” လို့ H&M က ရိုက်တာကို ပြောပါတယ်။

Zara ၊ Primark၊ Marks & Spencer တို့လို ဖက်ရှင်ကုမ္ပဏီတွေ မြန်မာနိုင်ငံ အတွင်းက ပြန်လည်ထွက်ခွာသွားပြီးတဲ့နောက် H&M လည်းနောက်ဆုံးထွက်ခွာဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

“H&M ရဲ့ ကြေငြာချက်ကြောင့် မြန်မာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အမျိုးသမီး အလုပ်သမားတွေအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာတဲ့အတွက် စိတ်မကောင်းပါဘူး”လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းက ပြောပါတယ်။

Ref; cna

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။