Trending Now

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် အခက်အခဲမရှိစေရန်အတွက် လူမှုကွန်ရက်များတွင် လူစုလူဝေးမှုပုံများဖော်ပြခြင်း မပြုလုပ်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမေတ္တာရပ်ခံ

Spread the love

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် အခက်အခဲမရှိစေရန်အတွက် လူမှုကွန်ရက်များတွင် လူစုလူဝေးမှုပုံများဖော်ပြခြင်း မပြုလုပ်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမေတ္တာရပ်ခံ

EPN
မြစ်ကြီးနား၊ မတ် ၃၁

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးသည် သက်တမ်းကုန် နိုင်ငံကူးလက်မှတ်များကို သတ်မှတ် နှုန်းထားအတိုင်း အပြည့်အပြည်အဝပြုလုပ်ပေးနိုင်ရေးအတွက် လူမှုကွန်ရက်များတွင် သံရုံးရှိ လူစုလူဝေးမှုပုံများဖော်ပြခြင်း မပြုလုပ်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမေတ္တာရပ်ခံကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ယခုအချိန်အခါသည် ကိုဗစ်-၁၉ ကာလ ဖြစ်နေသဖြင့် ထိုင်းနိုင်ငံ ခရိုင်အဆင့် ဌာနတာဝန်ရှိသူများမှ သံရုံးသို့ လာရောက်ကန့်ကွက် ပြောကြားနေသော်လည်း မိမိနိုင်ငံသားများ အခက်အခဲများ အဆင်ပြေစေရန်အတွက် တင်ပြညှိနှိုင်း၍ တိုကင်ပေးနေရသော အချိန်အခါ ဖြစ်ကြောင်းအသိပေး ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ်များကို တစ်နေ့ ပြုလုပ်ပေး နိုင်သည့် နှုန်းထားအတိုင်း အပြည့်အဝ ပြုလုပ်ပေးနိုင်ရေးနှင့် လာရောက် လုပ်ကိုင်သူများ ချိန်းဆိုသည့် ရက်တွင် နေ့ချင်းပြီးရရှိရေးနှင့် ငွေကုန်ကျမှု နည်းပါးစေရေးအတွက် ယင်းသို့ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အချို့ Facebook Page များတွင် တင်ထားသော ဓါတ်ပုံများမှာ ကိုဗစ်- ၁၉ စည်းကမ်းနှင့် မကိုက်ညီသော လူစုလူဝေးပုံများ ဖြစ်နေသဖြင့် သက်ဆိုင်ရာ အဆင့်မြင့် အာဏာပိုင်အဖွဲ့အစည်းများမှ တွေ့မြင်ပြီး လာရောက်တားဆီးပါက သံရုံးအနေဖြင့် ရပ်နားပေးရမည် ဖြစ်ပြီး သို့ပါက နိုင်ငံကူး လက်မှတ်လုပ်လိုသူများအတွက် ငွေကုန်ကြေးကျ ပိုမိုများပြားသွားမည်ဖြစ်ကြောင်းလည်း အသိပေးဖော်ပြထားသည်။

သို့ဖြစ်ပါ၍ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံသားများ၏အကျိုးကို ထောက်ရှု၍ ထိခိုက်စေနိုင်သော ပုံများကို Facebook Page ၌ မတင်ကြပါရန် မေတ္တာရပ်ခံကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မေတ္တာရပ်ခံထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။