Trending Now

ဘိုကလေးမြို့နယ်တွင် ရခိုင်ပြည်နယ်မှ ထွက်လာသည့် စက်လှေပေါ်၌ အမျိုးသမီး ၄၃ ဦး အပါအဝင် ဘင်္ဂါလီ ၁၁၂ ဦးဖမ်းမိ

Spread the love

ဘိုကလေးမြို့နယ်တွင် ရခိုင်ပြည်နယ်မှ ထွက်လာသည့် စက်လှေပေါ်၌ အမျိုးသမီး ၄၃ ဦး အပါအဝင် ဘင်္ဂါလီ ၁၁၂ ဦးဖမ်းမိ
EPN
ဧရာဝတီ ၊ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရခိုင်ပြည်နယ်မှ ထွက်လာသည့် စက်လှေပေါ်၌ အမျိုးသမီး ၄၃ ဦးအပါအဝင် ဘင်္ဂါလီ ၁၁၂ ဦးကို ယမန်နေ့ (ဒီဇင်ဘာလ ၂၀ရက်နေ့) က ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

အဆိုပါ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်မှ စက်လှေဖြင့် ထွက်ခွာလာပြီး ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံလေးကျွန်း အနီးတွင် စက်လှေပျက်ကာ ရောက်နေသည့်အတွက် ဒေသခံများမှ သက်ဆိုင်ရာကို သတင်းပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာမှ သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းမိသည့် ဘင်္ဂါလီ ၁၁၂ ဦးထဲတွင် မျိုးသမီး ၄၃ ဦး၊ ကလေး ၁၂ ဦး၊ အမျိုးသား ၅၇ ဦးဖြစ်ကာ ၎င်းတို့ကို
သက်ဆိုင်ရာက လိုအပ်သည်များ စီစဉ်ပေးထားပြီး ဘိုကလေးမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး ကပြောသည်။

” ဖမ်းမိတာ အားလုံး ၁၁၂ ဦးပါ၊ လဝက ဥပဒေနဲ့ တရားစွဲ ဆိုဖို့ ဥပဒေနဲ့ အညီ စစ်ဆေးတာတွေ လုပ်နေတယ်၊ သူတို့ကို လိုအပ်တာတွေလည်းကူညီ ပေးထားတယ်၊ သူတို့ က ရခိုင်ပြည်နယ်ကနေထွက်လာပြီး ရန်ကုန်ကိုသွားမှာတဲ့၊ ရန်ကုန်ကနေ တစ်ဆင့် မလေးရှားနိုင်ငံကိုသွားမှာတဲ့ ဗမာစကား ကောင်းကောင်း မပြောတတ်သူတွေလည်း ပါတယ် ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်ကလည်း ဘိုကလေးမြို့နယ် ၊ အမာမြို့ခွဲရှိ တုံးလေးကျွန်းအနီးတွင် ရခိုင်ပြည်နယ်မှထွက်လာပြီး စက်လှေပျက်ကာသောင်တင်နေသည့် ကလေး ၁၃ ဦးအပါအဝင် ဘင်္ဂါလီစုစုပေါင်း ၄၈ ဦးကိုရဲတပ်ဖွဲ့ကဖမ်းမိခဲ့သေးကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။