Trending Now

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (Ros-Congress Investments Fund) မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Spread the love

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (Ros-Congress Investments Fund) မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

EPN
နေပြည်တော်၊ နိုဝင်ဘာ ၇ (၂‌၀၂၃)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန် ပုံငွေအဖွဲ့ (Ros-Congress Investments Fund) မှ ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၇ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံအကြား နိုင်ငံသုံးငွေကြေးနှင့် ကုန်စည်များ (သို့မဟုတ်) ငွေကြေးပုံစံနှစ်မျိုးဖြင့် အသုံးပြုနိုင်သော ကုန်စည်များ ချိတ်ဆက်၍ ငွေကြေး တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအပြန်အလှန် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော် ပေးချေမှုများအတွက် နှစ်နိုင်ငံသုံးငွေကြေးအသုံးပြုမှုကို မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဗဟိုဘဏ်တို့၏ ဦးဆောင်မှုဖြင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံဘက်မှ ရွေးချယ်ထားသည့် Evrofinance Mosnarbank နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ရွေးချယ်မည့် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်များမှ ငွေပေး ချေမှုနှင့် စာရင်းရှင်းလင်းမှုကိစ္စရပ်များ ဆောင်ရွက်သွား နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့် အထက်လွှတ်တော်အမတ်၊ Evrofinance Mosnarbank ၏ ဥက္ကဋ္ဌ၊ ငွေရေးကြေးရေးဆိုင်ရာနည်းလမ်းများ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်း၏ သုတေသနအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။