Trending Now

ဟိုပင်၌ အမျိုးသား တစ်ဦးထံမှ ဘိန်းဖြူဆပ်ပြာခွက်များနှင့် ဘိန်းမည်း အဆီ များ ဖမ်းဆီရမိ

Spread the love

ဟိုပင်၌ အမျိုးသား တစ်ဦးထံမှ ဘိန်းဖြူဆပ်ပြာခွက်များနှင့် ဘိန်းမည်း အဆီ များ ဖမ်းဆီရမိ

EPN
ဟိုပင်၊ မေ ၂၈

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ယမန်နေ့က အမျိုးသား တစ်ဦးထံမှ ဘိန်းဖြူဆပ်ပြာခွက်များနှင့်အတူ ဘိန်းမည်း အဆီများ လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဟိုပင် မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်နေလင်းထွန်းနှင့်တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ မေလ ၂၆ ရက်နေ့၊ ညနေပိုင်း အချိန်တွင် ဟိုပင်မြို့၊ မြဇေယျာရပ် မိုင်တဲကွင်းယာတောနေ ဦးကျော်စိုး ဆိုသူနေအိမ်သို့ မူးယစ်နေအိမ်ရှာဖွေ ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ ဦးကျော်စိုးကို အသင့်တွေ့ရှိရပြီး ၎င်းဘေးရှိလက်ဆွဲခြင်းကြား အတွင်းမှ ဘိန်းဖြူ ဟု ယူဆရသည့် ဖြူဝါကြားရောင် အမှုန့်အလေးချိန် ၁၀ ဂရမ်ခန့်ပါ ရောင်စုံဆပ်ပြာခွက်(၆)ခွက်၊ စုစုပေါင်းအလေးချိန် (၆၀) ဂရမ်ခန့်နှင့် ဘိန်းမည်းဟုယူဆရသည့် အမဲရောင် အစေးအခဲ (အစို) အလေးချိန် ၂၅၀ ဂရမ်ခန့်ပါ တစ်ထုပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဦးကျော်စိုး၊ (၄၅)နှစ်၊ (ဘ)ဦးတင်ဖေ၊ မြဇေယျာရပ် ဟိုပင်မြို့နေသူအား ဟိုပင်နယ်မြေရဲစခန်းမှ မယ(ပ) ၄၆/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၉(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။