Trending Now

မုဒိမ်းမှုနဲ့ ဒေါ်နယ်ထရမ့်ကို စွပ်စွဲခဲ့တဲ့ အမျိုးသမီးက ဒုတိယအကြိမ် တရားစွဲဖို့ပြင်

Spread the love

မုဒိမ်းမှုနဲ့ ဒေါ်နယ်ထရမ့်ကို စွပ်စွဲခဲ့တဲ့ အမျိုးသမီးက ဒုတိယအကြိမ် တရားစွဲဖို့ပြင်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄

၁၉၉၀ ခုနှစ်က ကုန်တိုက်အဝတ်လဲခန်းမှာ ထရမ့်က သူမကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ ကာရိုးဟာ ထရမ့်ကို ဒုတိယအကြိမ် အသရေဖျက်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

ကာရိုးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကို တားမြစ်ခံရတာနဲ့ ဂုဏ်သိက္ခာထိခိုက်မှုတွေအတွက် နယူးယောက်ပြည်နယ်ဥပဒေသစ် အသက်ဝင်ချိန် နိုဝင်ဘာ ၂၄ ရက်နေ့မှာ တရားစွဲဆိုခွင့် တင်သွင်းသွားမယ်လို့ ဆိုပါတယ်။

Elle မဂ္ဂဇင်းအတွက် ပင်တိုင် အကြံပေးဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ ကာရိုးဟာ ၁၉၉၀ ပြည့်နှစ်အလွန်က ဇိမ်ခံပစ္စည်းစတိုးဆိုင် အဝတ်လဲခန်းထဲမှာ ထရမ့်က သူမကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ၂၀၁၉ မှာ စွပ်စွဲခဲ့ပါတယ်။

အေမေရိကန်သမ္မတဟောင်း ဒါ်နယ်ထရမ့်က ကာရိုးဟာ သူကြိုက်တဲ့ အမျိုးအစားတွေထဲက မဟုတ်တဲ့အတွက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ တုံပြန်ခဲ့ပါတယ်။

ထရမ့်ရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ကာရိုးက အသရေဖျက်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်ခဲ့ပေမယ့် ဒေါ်နယ်ထရမ့်ဟာ သမ္မတဖြစ်နေတဲ့အတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးခံရမှုတွေကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

ကာရိုးဟာ မုဒိမ်းမှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခြင်းမပြုလုပ်ဖို့ ပြည်နယ်ဥပဒေက တားမြစ်ခံခဲ့ရတာ ကြာပြီဖြစ်ပြီး အခု ပြည်နယ်ဥပဒေသစ် အသက်ဝင်လာချိန်မှာ တရားစွဲဆိုဖို့ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

— ကိုးကား —
ABC
Ref; E. Jean Carroll to file 2nd lawsuit against Trump, her attorneys say


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။