Trending Now

တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေ

Spread the love

တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၅

တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လာမယ့်လတွေအတွင်း သဘာဝဘေးအန္တရာယ် အများအပြားကျရောက်နိုင်ကြောင်း တရုတ်အာဏာပိုင်တွေက သတိပေးထားပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းရှိ နေရာအများအပြားမှာ ရာသီဥတုသတိပေးချက်ထုတ်ပြန်ထားပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

Xiang’xi အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ ဟူနန်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

အိမ်ခြေ ၇၀ ခန့် ပြိုကျခဲ့ပြီး ၂၂၈၃ လုံး ပျက်စီးကာ လယ်ကွင်းများ ရေလွှမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ယွမ် ၅၇၅ သန်း (ဒေါ်လာ ၇၉ သန်း) ခန့် ရှိကြောင်း သိရပါတယ်။

ရှန်ဇီပြည်နယ် မြောက်ပိုင်းမှာ နှစ် ၅၀ အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လမ်းတွေ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုမရှိသေးကြောင်း တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Ref; ABC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။